Perfect World HD

Perfect World

Romance HD 2018-10-05 7.448 102 Min

ဒီတစ်ခေါက်ပရိသတ်ကြီးအတွက် တင်ဆက်ပေးမယ့် Japanese Movie လေးကတော့အချစ်ဦးကို စိတ်ကူးယဉ်လွမ်းဆွတ်မိစေမယ့် Perfect World ဇာတ်ကားလေးပဲဖြစ်ပါတယ်။တိုကျိုမြို့က အတွင်းပိုင်းဒီဇိုင်း ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ ခါဝါနာဟာ ‌အထက်တန်းကျောင်းက အချစ်ဦးနဲ့ အမှတ်မထင် ပြန်ဆုံမိပါတယ်။ပြန်တွေ့ရလို့ ဝမ်းသာပေမဲ့ အချစ်ဦးဟာ မတော်တဆမှုတစ်ခုကြောင့် မသန်စွမ်းတစ်ဦးအဖြစ်ဝီးချဲလ်ကို အကူအညီယူ သွားလာလှုပ်ရှားနေရတာကို တွေ့ပြန်တော့ အချစ်ဦးရဲ့ အားအင်တစ်ခုဖြစ်ပေးမယ်ဆိုတဲ့စိတ်နဲ့ ဘေးနားကနေ အစစအရာရာ ကူညီပေးဖို့ ကြိုးစားပါတော့တယ်။အချစ်ဦးဖြစ်သူ စီနီိယာအာယူကာဝါကို ဘေးနားကကူညီပေးရင်း ချစ်ခြင်းမေတ္တာတွေကတစ်ဖန်အသက်ဝင်လာပါတော့တယ်။လောကဓံကို ခံစားနေရတဲ့ အာယူကာဝါကတော့ နှလုံးသားကို နံရံတစ်ခုခြားထားပြီး ဘယ်သူ့ကိုမှသူ့ဘဝထဲကို ဝင်ခွင့်မပေးတော့ပါဘူး။ခါဝါနာရဲ့ မေတ္တာဟာ စစ်မှန်တာကြောင့် ဘယ်လောက်ပဲ တွန်းထုတ်ပါစေ လက်မလျှော့ခဲ့ပေမဲ့လည်းမိဘတွေ ကြားဝင်လာတဲ့အခါ…မသန်စွမ်းတစ်ယောက်အတွက် ဘယ်လောက်ပဲ ကူညီပေးသူတွေ ရှိနေပါ‌စေကန့်သတ်မှုတွေရှိတဲ့အခါ…သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းမှာ ဘယ်လိုအခက်အခဲတွေကို ကြုံတွေ့ကြရမလဲဆိုတာမျက်ရည်တလည်လည် ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။