ဆိုဖီယာဆိုတဲ့ မိဘမဲ့ကောင်မလေးတယောက်ဟာ ကုန်သည်ကြီးတယောက်ဖြစ်တဲ့ ကောနယ်လစ်ဆန့်ဗို့ဆီကို မယားငယ်အဖြစ်နဲ့ရောက်သွားခဲ့ပါတယ်…တစ်နေ့တော့ ကောနယ်လစ်ဟာ သူနဲ့သူ့မိန်းမရဲ့ပုံတူပန်းချီဆွဲဖို့ ပန်းချီဆရာလေး ဂျန်ဗန်လော့စ်ကိုငှါးခဲ့ရာက ပန်းချီဆရာလေးနဲ့ သူ့မယားငယ်ဆိုဖီယာတို့ဟာ နောက်ကွယ်မှာတိတ်တိတ်ပုန်းချစ်ကြိုက်သွားပါတော့တယ်။ကောနယ်လစ်ရဲ့အိမ်ဖော် မာရီယာကတော့ ဈေးသည်ဝီလ်လျံနဲ့ချစ်ကြိုက်နေသူဖြစ်ပါတယ်…အဲ့ဒီအချိန်ကာလမှာ နယ်သာလန်တနိုင်ငံလုံး ပိုက်ဆံအချီကြီးမြတ်တဲ့ကျူးလစ်ဖူးတွေကို လေလံတင်ပြီးရောင်းတာ ခေတ်စားနေချိန်ဖြစ်တော့ဝီလ်လျံဟာလဲ မာရီယာနဲ့လက်ထပ်ဖို့အတွက် ဒီကျူးလစ်ရောင်းဝယ်ရေးလောကထဲကိုဝင်ရောက်လုပ်ကိုင်ပါတော့တယ်…ကံထူးစွာနဲ့ပဲ သူဝယ်တဲ့ပန်းပွင့်တွေထဲမှာတန်ဖိုးအရှိဆုံးပန်းဖြစ်တဲ့ဘရိတ်ကာလို့ခေါ်တဲ့ အနီစင်းပါတဲ့ကျူးလစ်ပန်းတစ်ပွင့်ပါလာတဲ့အခါမှာတော့….ဒီပန်းပွင့်ပေါ်မူတည်လို့ စုံတွဲတွေကြား ချစ်သူတွေကြား အထင်အမြင်အမှားတွေဖြစ်ကုန်ပြီး ဘယ်လိုကံကြမ္မာဆိုးတွေ ဝင်လာမလဲဆိုတာ……..။