ဆူဂယောင်း (Lee Yo-won), ဂျူမီ (Esom)နဲ့ ဆောင်းဟို(Jeong Man-Sik)တို့ကတော့တစ်ယောက်နဲ့ တစ်ယောက်အဆက်အသွယ်မလုပ်ကြတော့တဲ့ မောင်နှမတွေပါ…သူတို့ ၃ယောက်ကို ပြန်ပြီးဆုံတွေ့စေခဲ့တာကတော့ အဖေဖြစ်သူ မတော်တဆမှုနဲ့ဆုံးပါးသွားပြီဆိုတဲ့သတင်းစကားပါပဲ.. ဒါပေမဲ့ အဲဒီသတင်းနဲ့အတူ ပါလာတာကတော့ ရှိမှန်းတောင် မသိခဲ့တဲ့နာ့လေး(Joon Won Jung)ဆိုတဲ့ ၁၁နှစ်အရွယ် သူတို့ရဲ့ မောင်နှမအငယ်ဆုံးလေးပါ…ဘယ်ကမှန်းမသိဘဲ ရုတ်တရက်ပေါ်လာတဲ့ နာ့လေးက တကယ်ပဲသူတို့ရဲ့မောင်နှမအရင်းဟုတ်ရဲ့လား၁၁နှစ်အရွယ်ကလေးလေးနဲ့ သူတို့မောင်နှမတွေဘယ်လိုဖြတ်သန်းသွားကြမလဲဆိုတာကိုဟာသလေးနှောပြီး ကြည့်ရှုခံစားရမဲ့ ရုပ်ရှင်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်။