ဒီတစ်ခါမှာတော့ ဂျပန် ၊ ကိုးရီးယား ၊ ထိုင်း သုံးနိုင်ငံက ဒါရိုက်တာ ပူးပေါင်းဖန်တီးထားတဲ့Busan Project လို့ အမည်ရတဲ့ Camellia ရုပ်ရှင်နဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ဒီရုပ်ရှင်မှာတော့ ဇာတ်လမ်းတိုလေး သုံးခု ပါဝင်ပြီး အဲဒီဇာတ်လမ်းတို သုံးခုကို သုံးနိုင်ငံကဒါရိုက်တာ တစ်ယောက်စီက ရိုက်ကူးထားတာပါ ။ပထမဆုံး ဇာတ်လမ်းတိုမှာတော့ Iron Pussy လို့ ခေါ်တဲ့ ထိုင်းလူမျိုးစပိုင်တစ်ယောက်ဟာမစ်ရှင်တစ်ခုအတွက် ဘူဆန်ကို ရောက်လာရင်း ကိုးရီးယားလူမျိုးတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်သွားတဲ့အကြောင်းကို ဖော်ပြထားပါတယ် ။ အဲဒီနောက် သူ ချစ်နေတဲ့သူက သူ့မစ်ရှင်ရဲ့ အဓိကပစ်မှတ်ဖြစ်နေတဲ့အခါ Iron Pussy ရဲ့ ခံစားချက်ကို နောက်ခံသီချင်းတွေ အသားပေးပြီးရိုက်ကူးထားတာဖြစ်ပါတယ် ။ဒုတိယမြောက်ဇာတ်လမ်းတိုကတော့ ဂျပန်လူမျိုး ဒါရိုက်တာ Isao Yukisada က ရိုက်ကူးထားတာဖြစ်ပြီး ချမ်းအေးတဲ့ ဆောင်းညတစ်ညမှာ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ရယ်ခြေဗလာနဲ့ လျှောက်သွားနေတဲ့ ကိုးရီးယား-ဂျပန်ကပြားမိန်းကလေးတစ်ယောက်ရယ်အကြောင်းကို အဓိက ရိုက်ကူးထားတာပါ ။နောက်ဆုံး ဇာတ်လမ်းတိုလေးကတော့ ကိုးရီးယားလူမျိုး ဒါရိုက်တာ Jang Joon Hwan ရိုက်ကူးထားပြီး အဓိကသရုပ်ဆောင်တွေအနေနဲ့ Song Hyekyo နဲ့ Kang Dongwon တို့ကပါဝင်သရုပ်ဆောင်ထားတာပါ ။ ဇာတ်လမ်းတိုရဲ့ အဓိက theme ကတော့ ဦးနှောက်ထဲကနေအချစ်ကို ထုတ်ပြီး အရောင်းအဝယ်လုပ်လို့ရလာတဲ့ ခေတ်မျိုးမှာ ဒီအချစ်ကြောင့် လူတွေဘယ်လောက်တောင်ရူးသွပ်နိုင်ကြသလဲဆိုတာကို ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ် ။