ဂရက် ဆိုတဲ့ လူလတ်ပိုင်းအရွယ်ယောင်္ကျားတစ်ယောက်…….ပင်လယ်ကြီးရဲ့ ဘေး ဇနပုဒ်ရွာက သာမန်လူသား တစ်ယောက်ပါပဲ။။ဘဝက ခရီးတစ်ခု ဆိုပါစို့…ဆုံးရှုံးမှုတွေကတော့ ကျွန်တော်တို့ ကြုံတွေ့ရမဲ့ မိုင်တိုင်တွေပါပဲ..။လက်ခံနိုင်သည်ဖြစ်စေကြောက်ရွံ့သည်ဖြစ်စေ ကြုံတွေ့ကြရမှာပဲ။ဂရက်ကြုံတွေ့ရတဲ့ မိုင်တိုင်က တခြားသူတွေထက်ခါးသီးနေဟန်ပါပဲ…သို့ပေမဲ့ သူဟာ ဆုံးရှုံးမှုကို ဖက်တွယ်ထားတဲ့ အစွဲအလမ်းကြီးသူ တစ်ယောက် ပါပဲ…မရှိတော့တဲ့ သူရဲ့ အခါတစ်ပါးက ချစ်ရသူတစ်ယောက်အတွက် ဖန်ပုလင်းထဲစာလေးတွေထည့်ပြီး ပင်လယ်ပြာဆီ မျှောခဲ့တယ်.. လေးနက်ခြင်း လွမ်းဆွတ်ခြင်း တမ်းတခြင်းတွေကိုဖွဲ့သီပြီးစာလေးတွေရေးပြီးထည့်ခဲ့တယ်… ဒီဖန်ပုလင်းထဲက စာကိုအမျိုးသမီးတစ်ယောက်ကဖတ်မိတယ်….ဝါကျတိုလေးတွေဆိုပေမဲ့ စာရေးတဲ့သူရဲ့ ရင်ထဲကခံစားချက်တွေကိုကောင်းကောင်းပုံဖော်နိုင်တယ်ဒီစာကို ဖတ်မိတဲ့ အမျိုးသမီးတစ်ယောက်ဟာ တစ်ခါမှမမြင်ဖူးတဲ့ ဖန်ပုလင်းထဲကစာပိုင်ရှင်ကိုတွေ့ချင်လာတယ်…။ဖန်ပုလင်းထဲက စာတစ်စောင်က မွေးဖွားခဲ့တဲ့ ရေစက်တစ်ခုဟာ ဘာများဆက်ဖြစ်သွားသလဲ…ဆိုတောတော့ ကိုယ်တိုင်ပဲ ခံစားကြည့်ကြပါ။ စကားမစပ် Roလွန်းတဲ့ ဒီဇာတ်ကားရဲ့ မူရင်း စာရေးဆရာကကျွန်တော်တို့ရဲ့ Nicholas Sparkကြီးပါပဲ။