A Long Visit HD

A Long Visit

Drama Family HD 2010-04-22 7.7 109 Min

အန်ဟယ်ဆု (Kim Hae-Sook) ကတော့ သမီးကြီးကို ၂ နှစ်သားအရွယ်မှာတင်ဆုံးရှုံးလိုက်ရတာဖြစ်လို့ သမီးလတ်ဖြစ်သူ ဂိုဂျီဆု (Park Jin-Hee) အပေါ်အထူးတလည် တွယ်တာစိတ်ကြီးမားပြီး သမီးလေးစိတ်တိုင်းကျ ဘာမဆိုဖြည့်ဆည်းပေးတတ်တဲ့ အမေတစ်ယောက်ပါ။ဒါပေမဲ့ ဂျီဆုကတော့ အိမ်ထောင်ရက်သားကျလို့ ကလေးမွေးပြီးနောက်မှာတောင်အမေက သူ့ကို ကလေးလိုပဲ ဆက်ဆံနေဆဲဖြစ်လို့ တစ်ခါတလေ အမေ့အပေါ်ပြန်ညည်းညူပြတတ်တဲ့ သမီးဆိုးလေးပေါ့ ။ဒီလိုနဲ့ တစ်နေ့မှာ ဂျီဆုက သူ့ဆီမှာ ကင်ဆာရောဂါရှိနေတယ်ဆိုတာကို သိလိုက်ရပြီးတဲ့နောက်သူ့မှာ ရောဂါရှိနေတာကို ဖုံးကွယ်ပြီး အမေနဲ့ နောက်ဆုံးအကြိမ်အဖြစ် အချိန်အတူကုန်ဆုံးဖို့အမေနေတဲ့ရွာလေးဆီ ပြန်ဆင်းသွားပါတော့တယ်…ဇာတ်လမ်းလေးက ရိုးရိုးရှင်းရှင်းလေးပေမဲ့ သမီးဖြစ်သူ အရင်ထွက်သွားရတော့မှာကိုသိလိုက်ရတဲ့အခါ ခံစားရတဲ့ အမေတစ်ယောက်ရဲ့ ခံစားချက်ကို ရင်ထဲနင့်နေအောင်ပုံဖော်ရိုက်ကူးပြထားတာဖြစ်လို့ မဖြစ်မနေ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားလို့ညွှန်းဆိုလိုက်ပါရစေ ..