Teasing Master Takagi-san HD

Teasing Master Takagi-san

Comedy Romance HD 2024-05-31 7.6 119 Min

အလယ်တန်းကျောင်းသား နီရှီခတာဟာ သူ့ဘေးနားကထိုင်တဲ့ တာခဂိဆိုတဲ့မိန်းကလေးသူငယ်ချင်းဆီက အမြဲလိုလို စနောက်ခံရပါတယ်။ နည်းမျိုးစုံနဲ့အမြဲစနောက်တတ်တဲ့ တာခဂိကို နီရှီခတာက လက်စားချေပစ်မယ်လို့ကြုံးဝါးခဲ့သူလည်းဖြစ်ပါတယ်။ဘယ်လိုပဲ တာခဂိကို အနိုင်ချင်ပေမယ့် နီရှီခတာဟာ တာခဂိဆိုတဲ့နဲ့တင် အလိုလိုရှုံးခဲ့ရသူပါ။ အလယ်တန်းတတိယနှစ်မှာ ပါရီကို တာခဂိပြောင်းသွားခဲ့ပေမယ့်သူတို့နှစ်ယောက်ဟာ အဆက်အသယ်မပြတ်ခဲ့ကြပါဘူး။၁၀ နှစ်အကြာမှာ နီရှီခတာက သူတို့ကျောင်းမှာပဲ ကာယဆရာအဖြစ် လုပ်နေချိန်တာခဂိက တန်းပြဆရာမအနေနဲ့ ၃ပတ်ကြာအလုပ်သင်လာရောက်ခဲ့ချိန်မှာအတူတူနီးစပ်ဖို့ ဖြစ်လာပါတယ်။ဆရာတွေအဖြစ်နဲ့ပြန်ဆုံတဲ့ သူငယ်ချင်းနှစ်ယောက် ကျောင်းမှာ ကြုံတွေ့ရတဲ့စိန်ခေါ်ချက်တွေကို ဘယ်လိုမျိုး စဉ်းစားဖြေရှင်းကြမလဲ။ ရိုးအတဲ့နီရှီခတာကတာခဂိဆိုတဲ့ အစနောက်သန်တဲ့ မိန်းကလေးကို အနိုင်ရယူပြီး ပြန်စနောက်နိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။