တစ်ခါတလေမှာ ကံတရားကကျီစယ်လွန်းလှပါတယ်သူစိမ်းသုံးယောက်ကိုတောင် လွဲမှားစေတဲ့အထိပေါ့…ဗိုလ်လိုမမှုတ်ရရင်လူမထင်တဲ့ပေါ်ကျော့သူဌေးကြီးကိုမှဒုက္ခပေးချင်သလား..ဥက္ကဌကျန်းဝေက ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီပိုင်ရှင်သူဌေးကြီးတစ်ယောက်ပေါ့တစ်နေ့မှာ ပြဇာတ်သမားတစ်ယောက်က သူ့ဇာတ်ရုံမှာရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ဥက္ကဌကျန်းဝေကို တောင်းဆိုခဲ့ပေမဲ့ ငြင်းပယ်ခဲ့ပါတယ်ဘာလို့လဲဆိုတော့ ပြဇာတ်သမားကသူနဲ့နာမည်တူနေလို့ပါတဲ့ဒီလိုနဲ့မိမိနဲ့နာမည်လာတူနေတာကိုမချင့်မရဲဖြစ်နေတဲ့ဥက္ကဌကျန်းတစ်ယောက်ပြဇာတ်သမားကိုခြံဝန်းအပြင်နှင်ထုတ်အပြီးမှာ ဇာတ်ဆရာကျန်းဝေက“အမျိုးသားတစ်ဦးအလိုရှိသည်”ဆိုတဲ့ ကြော်ငြာစာရွက်တစ်ခုတွေ့ခဲ့ပါတယ်ဒီလိုနဲ့ကြော်ငြာပိုင်ရှင်အမျိုးသမီးနဲ့ဆက်သွယ်ပြီးထျယ်ချန်ကုံမှာတွေ့ဖို့ ခြံဝန်းရှေ့မှာပဲအကြိုကိုစောင့်ဆိုင်းနေခဲ့ပါတယ်ဒီအချိန်မှာပဲ ဥက္ကဌကျန်းဝေက စီးပွားရေးလုပ်ဖို့ ထျယ်ချန်ကုံကစက်ရုံတစ်ခုကိုသွားရောက်စစ်ဆေးဖို့ကားနဲ့လာကြိုမှာကိုစောင့်နေခဲ့တာပေါ့ဒီလိုနဲ့ကားဆရာက ပြဇာတ်ဆရာကျန်းဝေကိုအရင်တွေ့ပြီးဥက္ကဌကျန်းအထင်နဲ့ကားပေါ်အရင်ခေါ်တင်ခဲ့ပါတယ်။ကားဆီခသက်သာပြီးငွေပိုရအောင်ဆိုတဲ့အကြံနဲ့ကားဆရာကအရှေ့မှာစောင့်နေတဲ့ဥက္ကဌကျန်းကိုပါလူပိုအနေနဲ့နှစ်ပေါက်တစ်ပေါက်ရိုက်ပြီး ကားပေါ်ခေါ်တင်ခဲ့ပါတော့တယ်ဒီလောက်တင်မကပါဘူး…သေနတ်အရောင်းအဝယ်လုပ်ဖို့ထျယ်ချန်ကုံကိုသွားရမဲ့ “ကျန်းဝေ”ဆိုတဲ့သံတမန်တစ်ယောက်ပါပါဝင်ပတ်သတ်လာတဲ့အခါလူမတူပေမဲ့နာမည်တူတဲ့သူတို့သုံးယောက်…ကြုံတွေ့ရမဲ့အရာတွေရောတူညီပါ့မလားကိုယ်စီအလွဲလွဲအချော်ချော်နဲ့ပဲရယ်မောရဦးမလားဘယ်သူက ဘယ်နေရာမှန်ကိုရောက်မလဲဆိုတာကြည့်ရှုရင်းအပန်းဖြေလိုက်ရအောင်တစ်ခါတလေမှာ ကံတရားကကျီစယ်လွန်းလှပါတယ်သူစိမ်းသုံးယောက်ကိုတောင် လွဲမှားစေတဲ့အထိပေါ့…ဗိုလ်လိုမမှုတ်ရရင်လူမထင်တဲ့ပေါ်ကျော့သူဌေးကြီးကိုမှဒုက္ခပေးချင်သလား..ဥက္ကဌကျန်းဝေက ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီပိုင်ရှင်သူဌေးကြီးတစ်ယောက်ပေါ့တစ်နေ့မှာ ပြဇာတ်သမားတစ်ယောက်က သူ့ဇာတ်ရုံမှာရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ဥက္ကဌကျန်းဝေကို တောင်းဆိုခဲ့ပေမဲ့ ငြင်းပယ်ခဲ့ပါတယ်ဘာလို့လဲဆိုတော့ ပြဇာတ်သမားကသူနဲ့နာမည်တူနေလို့ပါတဲ့ဒီလိုနဲ့မိမိနဲ့နာမည်လာတူနေတာကိုမချင့်မရဲဖြစ်နေတဲ့ဥက္ကဌကျန်းတစ်ယောက်ပြဇာတ်သမားကိုခြံဝန်းအပြင်နှင်ထုတ်အပြီးမှာ ဇာတ်ဆရာကျန်းဝေက“အမျိုးသားတစ်ဦးအလိုရှိသည်”ဆိုတဲ့ ကြော်ငြာစာရွက်တစ်ခုတွေ့ခဲ့ပါတယ်ဒီလိုနဲ့ကြော်ငြာပိုင်ရှင်အမျိုးသမီးနဲ့ဆက်သွယ်ပြီးထျယ်ချန်ကုံမှာတွေ့ဖို့ ခြံဝန်းရှေ့မှာပဲအကြိုကိုစောင့်ဆိုင်းနေခဲ့ပါတယ်ဒီအချိန်မှာပဲ ဥက္ကဌကျန်းဝေက စီးပွားရေးလုပ်ဖို့ ထျယ်ချန်ကုံကစက်ရုံတစ်ခုကိုသွားရောက်စစ်ဆေးဖို့ကားနဲ့လာကြိုမှာကိုစောင့်နေခဲ့တာပေါ့ဒီလိုနဲ့ကားဆရာက ပြဇာတ်ဆရာကျန်းဝေကိုအရင်တွေ့ပြီးဥက္ကဌကျန်းအထင်နဲ့ကားပေါ်အရင်ခေါ်တင်ခဲ့ပါတယ်။ကားဆီခသက်သာပြီးငွေပိုရအောင်ဆိုတဲ့အကြံနဲ့ကားဆရာကအရှေ့မှာစောင့်နေတဲ့ဥက္ကဌကျန်းကိုပါလူပိုအနေနဲ့နှစ်ပေါက်တစ်ပေါက်ရိုက်ပြီး ကားပေါ်ခေါ်တင်ခဲ့ပါတော့တယ်ဒီလောက်တင်မကပါဘူး…သေနတ်အရောင်းအဝယ်လုပ်ဖို့ထျယ်ချန်ကုံကိုသွားရမဲ့ “ကျန်းဝေ”ဆိုတဲ့သံတမန်တစ်ယောက်ပါပါဝင်ပတ်သတ်လာတဲ့အခါလူမတူပေမဲ့နာမည်တူတဲ့သူတို့သုံးယောက်…ကြုံတွေ့ရမဲ့အရာတွေရောတူညီပါ့မလားကိုယ်စီအလွဲလွဲအချော်ချော်နဲ့ပဲရယ်မောရဦးမလားဘယ်သူက ဘယ်နေရာမှန်ကိုရောက်မလဲဆိုတာကြည့်ရှုရင်းအပန်းဖြေလိုက်ရအောင်