HEAT,THE SCORE,THE INTERN,GOODFELLAS စတဲ့ ကားတွေကြည့်ပြီး Robert De Niro ကိုသတိထားမိသွားတယ်…ဒီဘိုးတော်ကြီးကားတော်တော်များများ ဟာ ခမ်းနားထည်ဝါလွန်းတယ်…. ဒါကြောင့် casino (1995)ကားကို စူးစမ်းကြည့်မိတယ် ….Top Rated Movies #145 ထဲမှာပါသလို ဆုပေါင်းများစွာလည်းရရှိထားတယ်…Sam Ace Rothestein အဖြစ် Robert De Niro ကသရုပ်ဆောင်ထားတယ်… သူဟာ လောင်းကစားတွေနဲ့ပတ်သက်လို့ထက်မြက်တယ်…သူ့မျက်လုံးတစ်စုံဟာ ၃၆ဝဒီဂရီပတ်ကြည့်ပြီးတာနဲ့ ဘယ်ဝိုင်းက ထိုးသားအခြေအနေ လောင်းကြေးတွေက ဘယ်သူ့ဘက်အလေးသာနေတယ်ဘယ်သူတွေက မသာမာမှုတွေလုပ်နေတယ်ဆိုတာကို အကဲဖြတ်စွမ်းနိုင်စွမ်းရှိတယ်.. တစ်ဆက်တည်းသူလိုချင်တဲ့အနေအထားကိုလည်း ပြောင်းလဲနိုင်စွမ်းရှိတယ်..ဒါကြောင့် ကာစီနိုတွေကိုချုုပ်ကိုင်နေတဲ့သူတွေက သူ့ကို ကာစီနိုဝိုင်းတွေကိုကွပ်ကဲပေးဖို့ငှားခဲ့တယ်….သူကလည်းလက်ခံခဲ့တယ်သူ့ကိုလက်ဖျားနဲ့မပြောနဲ့ စကားကြမ်းပြောတဲ့သူတောင် အနားမှာမရှိအောင် လူမိုက်အကြီးအစားတစ်ယောက်ကို သူ့အနားမှာထားပေးတယ်…အဲဒီအလုပ်ကို သူလက်ခံပြီးတဲ့နောက်မှာ အပြောင်းအလဲတွေအများကြီးသူကြုံရတော့တာပဲ….လူမိုက်တွေ…ရဲတွေ…..အစိုးရအကြီးအကဲတွေ….ဥပဒေကိုလက်တစ်လုံးခြားလုပ်နေတဲ့သူတွေ….. ဒီကားမျိုးက ကြည့်ပြီးတွေးမြင်ခံစားလို့ကောင်းတဲ့ကားမျိုးဆိုတော့ဆက်မပြောတော့ပါဘူး……ဒီကားက တချို့သူတွေအတွက်တော့ ဂျင်းပေါ့ဗျာ.အယ်..တချို့သူတွေအတွက်တော့ (gem)ဖြစ်သွားလိမ့်မယ်….