ဒီတစ်ခါမှာတော့ ကန်နဒါဘာသာ ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ကိုယ်တွင်းအင်္ဂါတွေ မှောင်ခိုလုပ်နေတဲ့ လူဆိုးဂိုဏ်းတစ်ဂိုဏ်းရှိပါတယ်။ဒီဂိုဏ်းနဲ့အတူပူးပေါင်းလုပ်ဆောင်နေတဲ့သူတွေကတော့ အတိတ်က စိတ်ဒဏ်ရာဖြစ်ခဲ့တဲ့သူတွေကိုပြန်လည်ကုစားနိုင်ဖိုအတွက် ဖွင့်လှစ်ထားတဲ့ ဆေးရုံတစ်ခုဖြစ်ပြီးသူတိုဆေးရုံမှာ တက်နေတဲ့ လူနာတွေကို ဆေးတိုက် သေအောင်လုပ်ပြီး ကိုယ်တွင်းအင်္ဂါတွေထုတ်ယူလိုနေပါတယ်။တစ်ဖက်မှာတော့ အမြင်အာရုံပျောက်ကွယ်သွားတဲ့ သမီးဖြစ်သူအတွက်မျက်စိအလင်းပြန်လည်ရရှိဖို ကြိုးစားနေတဲ့ ဖခင်တစ်ယောက်။ သမီးဖြစ်သူအတွက်နဲ့ ကြိုးစားရုန်းကန်နေတဲ့ဖခင်ဖြစ်သူနဲ့ အထက်က ဖော်ပြခဲ့တဲ့ ကိုယ်တွင်းအင်္ဂါမှောင်ခိုသမားတိုကြားမှာ ဘယ်လိုဆက်နွယ်မှုတွေ ရှိနေမလဲ ………..သမီးဖြစ်သူအတွက်နဲ့ ဖခင်တစ်ယောက်အနေနဲ့ ဘယ်လိုတွေ ကြိုးစားရုန်းကန်ပြီး လုပ်ဆောင်သွားမလဲ….ဆိုတာကို ကြည့်ရှုရမဲ့ ဖခင်မေတ္တာတွေကို အပြည့်အဝမြင်တွေ့ရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။