မော်ဒယ်လို့ပြောလိုက်ရင် ဓာတ်ပုံဆရာကို မေ့ထားလို့မရသလိုဓာတ်ပုံဆရာလို့ပြောလိုက်ရင်လည်း မော်ဒယ်ကို မေ့ထားလို့မရအောင် ဒီအလုပ်အကိုင်နှစ်ခုက နေနဲ့လ ရွှေနဲ့မြလို တွဲဖက်ညီနေကြပါတယ်ဒါပေမယ့် ဒီမော်ဒယ်နဲ့ ဓာတ်ပုံဆရာတို့ရဲ့ဆက်ဆံရေးတွေထဲက လူတွေမမြင်တဲ့မှောင်မိုက်တဲ့အခြမ်းတွေရှိနေပါသေးတယ်။အဲ့လိုခါးသီးတဲ့အမှန်တရားတွေကို မီးမောင်းထိုးပြပြီးရိုက်ကူးထားတဲ့ဒရာမာဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Rule Of Thirds ဖြစ်ပြီး လက်ရှိIMDb အနေနဲ့ 6.6 အထိရရှိထားပါတယ်မွန်တီလို့ခေါ်တဲ့ဓာတ်ပုံဆရာတစ်ယောက်က အရမ်းနာမည်ကြီးပြီး အောင်မြင်ကျော်ကြားတဲ့အတွက် သူ့ဓာတ်ပုံဆရာလောကမှာ ဒိတ်ဒိတ်ကြဲဆရာကြီးလို့တောင်ဆိုရမှာပါပဲ။သူ့ကိုလိုချင်တဲ့အလုပ်ရှင်တွေကလည်း အရမ်းများကြပြီးသူကိုင်ရတဲ့မော်ဒယ်တွေကလည်း အလန်းစားတွေပါပဲ။သူ့မှာ သူ့အတွက်အလုပ်လုပ်ပေးနေတဲ့ ညီအစ်ကိုလိုခင်ရတဲ့ဂျယ်ရမီဆိုတဲ့သူလည်းရှိပြီး သူ့ဘ၀ကြီးကအရမ်းပြည့်စုံနေခဲ့ပါတော့တယ်။ဒီလိုနဲ့တစ်နေ့မှာ အလုပ်ကိစ္စခရီးသွားရင်းမထင်မှတ်ဘဲ စားသောက်ဆိုင်တစ်ခုမှာ ဒကိုတာဆိုတဲ့ကောင်မလေးနဲ့တွေ့ခဲ့ပါတော့တယ်။ဒကိုတာက သာမန်မိန်းကလေးဖြစ်ပေမဲ့မွန်တီက သူ့ရဲ့အလှတရားကိုထွင်းဖောက်မြင်ခဲ့ပြီး မော်ဒယ်လုပ်ချင်ရင်ဆက်သွယ်ဖို့ပြောခဲ့ပါတော့တယ်။ဒကိုတာရဲ့အမေဖြစ်သူကလည်း သမီးအပေါ်မှာ ဘယ်တုန်းကမှကောင်းခဲ့တဲ့အမေမဟုတ်တဲ့အတွက်ဒကိုတာလည်းအကုန်လုံးကိုစွန့်လွှတ်ပြီး မွန်တီရှိရာကိုလိုက်လာခဲ့ပါတော့တယ်။ဒီလိုနဲ့ ဒကိုတာနဲ့ မွန်တီ မော်ဒယ်နဲ့ ဓာတ်ပုံဆရာတို့ရဲ့ဇာတ်လမ်းလေးစတင်ခဲ့ပြီး နောက်ပိုင်းမှာတော့ဘယ်လိုခါးသီးတဲ့အမှန်တရားတွေကို ပြသထားဦးမလဲဆိုတာကို ရှုစားရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။