Mad Square HD

Mad Square

Comedy Drama Romance HD 2025-03-27 6.8 127 Min

2023 ခုနှစ်မှာ Madဆိုတဲ့နာမည်နဲ့ အင်ယာကျောင်းသားတွေ လေးယောက်ပေါင်း လောင်းကျော်တဲ့ဇာတ်ကားလေး ထွက်ရှိခဲ့ပြီး နှစ်နှစ်အကြာမှာတော့ Mad Squareဆိုတဲ့နာမည်နဲ့ sequeထပ်မံထွက်ရှိလို့လာပါပြီ။ဒီတစ်ခါမှာတော့ ဘွဲ့ရပြီး လူကြီးတွေဖြစ်သွားပေမဲ့ ပြဿနာရှာမပျက်တဲ့ အာရှို့ ဒီဒီ မန်နို့ခ်ျနဲ့ ရှီဗာတို့တစ်သိုက် ဒီတစ်ခါမှာရော ဘာတွေဘယ်လိုမွှေကြမလဲ ရှုစားကြပါဦးသူငယ်ချင်းတစ်သိုက်ထဲမှာ အငြိမ်ဆုံးဖြစ်တဲ့လဒူတစ်ယောက် ထူးထူးဆန်းဆန်းပဲ ထောင်နန်းစံနေရပြီ ထောင်ထဲမှာ ဆရာကြီးဖြစ်နေလေရဲ့။ ထောင်သားတွေကလည်းရိုသေ ရဲတွေကလည်း လေးစားရတော့ကျန်တဲ့ထောင်သားတွေလည်းတအံ့တဩဖြစ်ပြီး လဒူကို ဘာတွေလုပ်ခဲ့လို့ ဒီလောက်အားလုံးရှိန်နေရတာလဲလို့ လာမေးချိန်မှာတော့ လဒူတစ်ယောက် သိပ်ချစ်ရတဲ့ သူငယ်ချင်းမျောက်လောင်းလေးကောင်နဲ့ စွန့်စားခန်းကိုချပြဖို့ဖြစ်လာပါတော့တယ်။ကျောင်းတော်ကြီးကနေ ကိုယ်စီဘွဲ့ရပြီး လေးနှစ်တာကာလအကြာမှာတော့ ကိုယ်စီဗရုတ်လုပ်နေတဲ့ သူငယ်ချင်းတစ်သိုက် လဒူမင်္ဂလာဆောင်တော့မယ်ဆိုတဲ့သတင်းကိုကြားလိုက်ရပါတယ်။တကယ်တမ်းကျတော့ သူ့ရဲ့သူငယ်ချင်းတွေရဲ့ ပြဿနာရှာနိုင်စွမ်းကို ကောင်းကောင်းသိထားတဲ့သူပီပီ ပွဲပျက်မှာစိုးနေတဲ့အတွက်လဒူတစ်ယောက် အာရှို့တို့လေးယောက်ကို တမင်အသိမပေးဘဲထားထားတာပါ။ဖုံးထားရဲ့သားနဲ့ တကွဲတပြားစီဖြစ်နေတဲ့ သူငယ်ချင်းလေးယောက်လုံးစုပြီးလဒူရဲ့မင်္ဂလာပွဲဆီကိုမှ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့အခါမှာတော့….