ဒီဇာတ်ကားထဲမှာတော့ ကောင်းဘွိုင်ကြီးဂျွန်ဝိန်းက ပရိသတ်ကြီးတို့ကို အာဖရိကဆီ ခေါ်ဆောင်သွားပေးထားပါတယ်။ရှောင်န်မာဆာတိုဟာ အာဖရိက က တိရိစ္ဆာန်တွေကို ကိုယ်တိုင်ကိုယ်ကျဖမ်းကာ ရောင်းတဲ့သူတွေဖြစ်ကြပြီး ရှောင်န်တိုဆီကို အီတာလျံဓါတ်ပုံဆရာမလေးတစ်ယောက်ရောက်လာချိန်မှာတော့တိရိစ္ဆာန်တွေကို စွန့်စွန့်စားစားလိုက်ဖမ်းတတ်တဲ့ အသည်းမာသူလူပျိုကြီးတစ်ယောက် ဘယ်လိုတွေဖြစ်လာမလဲ။Plot twist မပါဘဲ ပျော်ပျော်ပါးပါးနွေးနွေးထွေးထွေးလေးနဲ့ ကြည့်လိုကောင်းတဲ့ဇာတ်ကားမျိုးလေးပါ။ (Hatari ဆိုတာက ဆွာဟီးလီဘာသာမှာ Danger လို့အဓိပ္ပာယ်ရပါတယ်)