Two Night Stand FHD

Two Night Stand

Comedy Romance FHD 2014-09-26 6.416 86 Min

ဒီတစ်ခါမှာတော့ 2014 ခုနှစ်ကထွက်ရှိထားတဲ့Romance/Melodrama ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။မီဂန်ကချစ်သူရှိရာ နယူးယောက်မြိုအထိလိုက်လာပြီးကျောင်းလိုက်တက်ခဲ့ပေမဲ့ သူရဲ့ချစ်သူက သူ့အပေါ်ဖောက်ပြန်သွားလို အသည်းကွဲပြီးအလုပ်လက်မဲ့ဘဝနဲ့ကျန်နေခဲ့ရသူပါ။တစ်နေ့မှာတော့ သူကအွန်လိုင်းချစ်သူရှာပေးတဲ့ဝက်ဘ်ဆိုက်တစ်ခုကနေအဲလက်ခ်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့တွေ့ခဲ့ပြီး တစ်ညတာအတူပျော်ပါးဖိုအတွက်အဲလက်ခ်ရဲ့အိမ်ကို လိုက်သွားခဲ့ပါတယ်။နောက်တစ်နေ့ရောက်လိုပြန်ဖိုလုပ်တဲ့အခါမှာတော့မီဂန်တစ်ယောက်ကံဆိုးစွာနဲ့ နှင်းမုန်တိုင်းကြီးတိုက်ခတ်တာနဲ့ ကြုံဆုံပြီး ဘယ်ကိုမှသွားလိုမရဖြစ်ခဲ့ပါတယ်။အဲဒီလိုနဲ့ အဲလက်ခ်နဲ့မီဂန်တိုနှစ်ယောက်သားအဲလက်ခ်ရဲ့အိမ်မှာပိတ်‌မိနေရင်းနဲ့ တစ်ညတာဆက်ဆံရေးကနေနှစ်ညတာဆက်ဆံရေးဖြစ်သွားခဲ့ကြပြီး သူတိုနှစ်ယောက်ကြားဘယ်လိုခံစားချက်တွေဖြစ်ပေါ်လာမလဲ သူတိုတွေဘယ်လိုနှစ်ပါးဆက်သွားကြမလဲဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားလေးပါလို ညွှန်းဆိုချင်ပါတယ်။