၂၀၁၆ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ မသိသူမရှိ John Wickမင်းသားကြီး Keanu Reeves နဲ့ ကျူးဘားသူမင်းသမီးချောလေး Ana de Armas တို့ရဲ့ ဇာတ်ကားဟောင်းလေးဖြစ်တဲ့ Exposedဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားအမျိုးအစားကိုပြောရရင်တော့ မှုခင်းလျှို့ဝှက်ဆန်းကြယ်အမျိုးအစားဖြစ်ပြီးသရုပ်ဆောင်တော်တော်များများကလည်း နာမည်ကြီးတဲ့အပြင် ဇာတ်ညွှန်းလေးကလည်းစိတ်ဝင်စားစရာကောင်းတဲ့အတွက် အတိတ်ကိုပြန်လည်လွမ်းဆွတ်ရင်း ဇာတ်လမ်းကောင်းလေးတွေပြန်ကြည့်ချင်တဲ့သူတွေအတွက်တော့ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါပဲဇာတ်လမ်းဘယ်ကစလဲဆိုရင်တော့ စကော့ဆိုတဲ့စုံထောက်ရဲ့တွဲဖက်စုံထောက်တစ်ယောက် ရထားဘူတာမှာ ဓားထိုးအသတ်ခံရာကနေစတာပါပဲ။ဘယ်သူတွေလုပ်သွားသလဲဆိုတာ အရိပ်အယောင်အစအနတောင်မသိရဘဲ အဲ့ဒီစုံထောက်ကိုယ်ပေါ်က ကင်မရာတစ်လုံးကိုသာ သဲလွန်စအနေနဲ့တွေ့ခဲ့ရပါတော့တယ်။အဲ့ဒါကြောင့် စကော့ကသူ့တွဲဖက်ကိုသတ်သွားတဲ့လူကိုသိရဖို့အတွက်အဲ့ဒီကင်မရာထဲမှာတွေ့တဲ့ ဓာတ်ပုံတွေထဲကအတိုင်း လိုက်စုံစမ်းပါတော့တယ်။ဒါပေမယ့် ဖြစ်ချင်တော့ သူ့တွဲဖက်ကိုယ်တိုင်ကလည်း စံပြရဲမဟုတ်ဘဲ မူးယစ်ဆေးရောင်းတဲ့လူတွေဆီကနေ ငွေညှစ်တာတို့ရဲတစ်ယောက်နဲ့မကိုက်ညီတဲ့အပြုအမူတွေလုပ်ခဲ့တဲ့လူဖြစ်တဲ့အတွက် သူ့ကိုကြုံးချင်တဲ့လူတွေကလည်း ခပ်များများဖြစ်နေတော့ စုံစမ်းစစ်ဆေးရတာတိုင်ပတ်နေခဲ့ပါတော့တယ်။ဒီလိုနဲ့ စုံထောက်ကြီးစကော့လိုက်လံစုံစမ်းရင်း သူ့တွဲဖက်အတွက် အမှန်တရားကိုဖော်ထုတ်ပေးသွားနိုင်မလားအမှန်တရားဆိုတာဖော်ထုတ်တိုင်းရော ကောင်းပါ့မလားဆိုတာကို ရှုစားရမဲ့ Old But Goldဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။