ပန့်လူငယ်တစ်စုက နာဇီလက်သစ် လူမိုက်အုပ်စုကို ပြန်တိုက်ရတဲ့ဇာတ်လမ်း၊ ရပ်ပါ မလေးနှစ်ယောက်က သူတို့ကို အရှက်ခွဲဖို့ခေါ်တဲ့ ရပ်ပါကို ပြန်အနိုင်ရွတ်တဲ့ ဇာတ်လမ်း၊အကြွေးတောင်းလူမိုက် ကလင့်ကနောက်ဆုံးမှာ သူ့ရဲ့သမီးကို လူမိုက်တွေဆီက ပြန်သွားကယ်ရတဲ့ ဇာတ်လမ်း နဲ့ဘတ်စကတ်ဘောသမား စလီပီဖလွိုက်က ဖောက်ထွင်းသမားဂိုဏ်းကို လက်စားချေတဲ့ဇာတ်လမ်းဆိုပြီး လေးခုပါပါတယ်အဲဒီလေးခုလုံးက ဘာမှမဆိုင်သလိုနဲ့ ဒီစကြဝဠာကြီးထဲမှာ အားလုံးက ဆက်စပ်နေတာပဲဆိုတာမျိုးကို ပြထားတာ စတိုင်နဲ့ သွားထားတာပါ။မြန်မာလိုဆို ရေစက်ပေါ့လေ။ ဟာသဆန်ဆန်အက်ရှင်ကြမ်းကြမ်းကြိုက်ရင်ဒီရုပ်ရှင်ကို ကြည့်လိုက်ပါ။