အချိန်ခရီးသွား မလေးရှားရုပ်ရှင် အရှေ့တောင်အာရှရဲ့ရုပ်ရှင်ကားတစ်ကားကို အခုလိုမျိုး ကြည့်ရှုခံစားခွင့်ရတာဝမ်းသာစရာပါ.. ဒီကားလေးဟာဆိုရင် Drama နဲ့ Sci-Fi ကိုအနုပညာမြောက်စွာ ထိထိမိမိရောယှက်တင်ပြထားတဲ့ကားလေးဖြစ်ပြီး အချိန်ခရီးသွားမှုဆိုင်ရာ အတွေးအမြင်တချို့ကို တင်ဆက်ပြသထားခြင်းဖြစ်ပါတယ်…အာကစ်တို့မိသားစုဟာ မျိုးရိုးစဉ်ဆက်အချိန်နောက်ပြန်ခရီးသွားနိုင်သူတွေဖြစ်ကြပါတယ်..အာကစ်တို့ သားအမိသားအဖသုံးယောက် ပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်းနဲ့ဘဝကို ဖြတ်သန်းနေစဉ်မှာပဲ ကံကြမ္မာဆိုးတစ်ခု ဆိုက်ကပ်လာခဲ့ပါတယ်…တစ်နေ့အာကစ်တို့သားအဖ ဥယျာဉ်သုံးပစ္စည်းဝယ်ယူနေစဉ်အနီးအနားမှ အမျိုးသမီးတစ်ဦးလုယက်ခံခဲ့ရပါတယ်ထိုအမျိုးသမီးအား ကူညီဖို့သွားရင်း အာကစ်အဖေဟာဓားထိုးခံခဲ့ရပါတယ် အချိန်နောက်ပြန်သွားနိုင်တဲ့ အာကစ်ဟာစိတ်မတည်ငြိမ်ချိန်မှာအချိန်ခရီးသွားလို့မရဆိုတဲ့ စည်းမျဉ်းကြောင့် အဖေဖြစ်သူကို မကယ်တင်နိုင်ခဲ့ဘဲရှိရာ နောင်တတရားတွေနဲ့ နေထိုင်ရင်း ဒုစရိုက်မှုတွေကို ကူညီဖြေရှင်းပေးဖို့ရဲအရာရှိတစ်ယောက်အဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်..ရဲအရာရှိဘဝမှာ အချိန်ခရီးသွားနိုင်တဲ့အစွမ်းကြောင့် ပြစ်မှုမှန်သမျှကို အောင်မြင်စွာဖြေရှင်းနိုင်ခဲ့သော်လည်း အချိန်ခရီးသွားနိုင်သည့်အစွမ်းအကြောင်းကို လူသိမခံဘဲလျှို့ဝှက်ထားခဲ့ပါတယ်…ဖခင် သေဆုံးပြီးနောက် ရဲအရာရှိအဖြစ်နဲ့ ဘဝကို ရေစုန်မျှောလိုက်နေရင်း ပါတီပွဲတစ်ခုမှာဆုံခဲ့ရတဲ့ ဆာရာ့ကို ချစ်မိသွားရာမှာတော့ နေရောင်ခြည်အလင်းတန်းတို့အုံ့မှိုင်းမှိုင်းတိမ်တိုက်တို့ကို ထိုးခွဲပြီး မြေပြင်ပေါ်သို့ ဆင်းသက်လာသည့်နှယ် အာကစ်ဘဝဟာ ပြန်လည်ရွှင်လန်းလာခဲ့ပြန်ပါတယ်..ချစ်ရသူကို လက်ထပ်ယူပြီး သားလေးတစ်ယောက်နဲ့အတူအာကစ်တို့မိသားစုဘဝက စိမ်းလန်းစိုပြည်ခဲ့ပါတယ်..သို့သော်လည်း ပျော်ရွှင်နေရင် ကုန်လွယ်လွန်းတဲ့အချိန်ဟာအာကစ်အပေါ်မှာလည်း သက်ညှာခြင်းမရှိခဲ့ပါဘူး..အာကစ်ထံမှ ချစ်ရသူဇနီးနဲ့သားကိုကံကြမ္မာဆိုးတစ်ခုကဆွဲထုတ်ခေါ်ဆောင်သွားချိန်မှာတော့ အာကစ်တစ်ယောက်ဘဝအမှောင် ကျရပြန်ပါတော့တယ်..ဖခင်ဆုံးပါးစဉ်ကလိုအဖြစ်မခံနိုင်တော့တဲ့ အာကစ်ဟာစိတ်တည်တည်ငြိမ်ငြိမ်နဲ့အချိန်ခရီးနောက်ပြန်သွားပြီးသားအမိနှစ်ယောက်လုံးကို ကယ်တင်ဖို့ကြိုးစားရာ အဖြေတွေ့သွားတဲ့နောက်မှာတော့…ဒီဇာတ်ကားလေးကို အာကစ်တစ်ယောက် စိတ်ရောပါရဂူထံဘဝဇာတ်ကြောင်းဖွင့်ဟနေဟန်ဖြင့် ဇာတ်လမ်းဆင်တင်ပြထားပြီး မလေးရှားလူနေမှုပုံစံနဲ့ ဓလေ့ထုံးတမ်းအချို့ကိုပါမြင်တွေ့ရမှာဖြစ်လို့ ရုပ်ရှင်ချစ်ပရိသတ်များ ကြည့်ရှုခံစားနိုင်ဖို့ညွှန်းဆိုပေးလိုက်ရပါတယ်ခင်ဗျာ………..