အိုဂယောင်းရှစ်ဟာ စုံထောက်တစ်ယောက်ဖြစ်ချင်ပေမဲ့ စာသင်စာဖတ်ရခက်တဲ့ ရောဂါရှိတာကြောင့်ရဲဝန်ထမ်းစာမေးပွဲကို မအောင်မြင်တဲ့အတွက် ရဲအရာရှိဖြစ်မလာခဲ့သူပါ။ဒီလိုနဲ့ ညစောင့်အလုပ်လုပ်ရင်းရဲတွေ အတော်ကြာအောင်ဖမ်းမမိခဲ့တဲ့ တရားခံတစ်ယာက်ကိုဖမ်းမိခဲ့တဲ့အတွက် အထူးအခွင့်အရေးအနေနဲ့ အလုပ်သင်စုံထောက်အဖြစ် ခန့်အပ်ခံခဲ့ရတယ်။ဒါပေမဲ့ သာမန်လူက ရဲဝန်ထမ်းစာမေးပွဲလည်းမအောင်ဘဲ စုံထောက်ဖြစ်လာတယ်ဆိုပြီးရဲအရာရှိတွေက အမြင်မကြည်ဖြစ်ကြပြီး သူ့ကိုအလုပ်ထွက်သွားအောင် ကြံစည်ကြတာ့တယ်။ဒီလိုနဲ့ အိုဂယောင်းရှစ်တစ်ယောက် သူ့အိပ်မက်အတိုင်းတရားဝင်စုံထောက်ဖြစ်လာမလားလက်လျှော့ပြီး ထွက်သွားမလားဆိုတာ ဇာတ်ကားလေးထဲမှာ ကြည့်ရှုအားပေးကြပါဦးနော်။