Conclave FHD

Conclave

Drama Thriller Mystery FHD 2024-10-25 7.195 120 Min

IMDb 7.4/10 နဲ့ RT 93% အထိတောင် ရရှိထားတဲ့စိတ်ဝင်စားဖို့လည်းကောင်း ဗဟုသုတလည်း ရမဲ့ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ရွှေကမ္ဘာလုံးဆုအတွက်လည်း ဆန်ကာတင် ပူပူနွေးနွေးဝင်သွားပါပြီ။ရိုမန်ကက်သလစ်ဘုရားကျောင်းရဲ့ ပုပ်ရဟန်းမင်းကြီးတစ်ပါးပျံလွန်တော်မူသွားတဲ့အခါ နောက်ထပ် ပုပ်ရဟန်းမင်းကြီးတစ်ပါးတင်မြှောက်ဖို့ ပြုလုပ်ရတဲ့ သီးသန့်ဆွေးနွေးပွဲသို့မဟုတ်ပုပ်ရဟန်းမင်းကြီးအသစ် ရွေးကောက်တင်မြှောက်ပွဲကိုအသေးစိတ်အဆင့်ဆင့် ရိုက်ပြထားပါတယ်။ဒီရွေးကောက်တင်မြှောက်ပွဲမှာ ဘုန်းတော်ကြီးတွေဟာတံခါးပိတ်ဆွေးနွေးပွဲတစ်ခု လုပ်ပြီးပုပ်ရဟန်းမင်းကြီးတင်မြှောက်ဖို့အတွက် မဲတွေပေးရပါတယ်။မဲရဲ့ သုံးပုံနှစ်ပုံကို ရမှသာ ပုပ်ရဟန်းမင်းကြီး ဖြစ်ခွင့်ရမှာဖြစ်ပါတယ်။ ဒီအရေအတွက်မရမချင်း ပါဝင်ရွေးကောက်ခံတဲ့ဘုန်းတော်ကြီးတွေနဲ့သူတို့ရဲ့ နောက်လိုက်တွေဟာ ထပ်ခါတလဲလဲ‌မဲပြန်ပေးရပါတယ်။ မဲအဆုံးအဖြတ်မပေါ်မချင်း သူတို့ဟာဒီတံခါးပိတ်ဆွေးနွေးပွဲကနေ ထွက်ခွင့်မရပါဘူး။ဒီဇာတ်လမ်းမှာလည်း ဒီလိုပဲပုပ်ရဟန်းမင်းကြီးအသစ်တင်မြှောက်ဖို့တံခါးပိတ်သီးသန့်ဆွေးနွေးပွဲ လုပ်ကြပါတယ်။ ဒါပေမဲ့ဒီရွေးကောက်ပွဲမှာ သဘောထားကွဲလွဲမှုတွေ ပြဿနာတွေအမျိုးမျိုး ပေါ်လာပြီး အဖြေမပေါ်တဲ့အခြေအနေတွေဖြစ်လာခဲ့ပါတယ်။ ဒီပြဿနာတွေကို ဆွေးနွေးပွဲဦးဆောင်သူဘုန်းတော်ကြီး သောမတ်စ်က ဘယ်လိုတွေ အဖြေရှာဖော်ထုတ်မလဲဆိုတာ စိတ်ဝင်စားဖွယ် မြင်ရမှာမလို့ကြည့်ရှုကြဖို့တိုက်တွန်းလိုက်ရပါတယ်