ဝေါ်ကာဆိုတဲ့ ရဲက လာဘ်စားပြီးတော့ အမတ်လောင်းတစ်ယောက်ရဲ့ တရားမဝင်အလုပ်တွေကို လုပ်ပေးနေတဲ့သူပါ။တစ်နေ့မှာ အမတ်လောင်းရဲ့ သားက တရုတ် ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ရဲ့ သားကိုသတ်မိသွားတယ်ဆိုပြီး တရုတ်ဂိုဏ်းတစ်ခုလုံးက လိုက်လာပါတယ်။အဲဒီ ဂိုဏ်းနှစ်ခုကြားမှာ အမတ်လောင်းရဲ့သားကို ကယ်ဖို့ကြိုးစားနေရတဲ့ ဝေါ်ကာနဲ့ သူ့ထက်အကျင့်ပျက်နေတဲ့ရဲတွေကလည်း ထပ်ပြီးထိပ်တိုက်တွေ့ကြပါတော့တယ်။ဒီတော့ ပတ်လည်တွေ ကျုံးကုန်ကြပြီး ဘာဆက်ဖြစ်မလဲကြည့်ရမှာပါ။