Ashfall FHD

Ashfall

Action Thriller Adventure FHD 2019-12-19 6.818 128 Min

ဒီကားကတော့ ရုံမှာကြည့်ဖူးတဲ့သူတွေအတွက်ဘယ်လောက်ကောင်းတယ်ဆိုတာအထူးညွှန်းဖို့တောင် လိုမယ်မထင်ဖူး။IMDB 10 out of 6.5 နဲ့ Rotten Tomatoes 71%အထိရရှိထားတဲ့၂၀၁၉ ခုနှစ်ထွက်အမိုက်စားAction/Drama ရုံတင်ဇာတ်ကားကောင်းပဲဖြစ်ပါတယ်။ဇာတ်လမ်းမှာပါဝင်သရုပ်ဆောင်ကြတဲ့သူတွေကလည်းအကုန်ဒိတ်ဒိတ်ကြဲတွေချည်းပါပဲ။ပရိတ်သတ်ရင်းနှီးပြီးသား Lee Byung Hun,Train to Busanထဲကလူသန်ကြီးMa Dong Seok,Along with the God ထဲက Ha Jung woo,The King ထဲကဘုရင်ကြီးရဲ့အဆက်ဟောင်းလေး Bae Suzအစရှိတဲ့နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်အားဖြည့်ထားတဲ့ကြည့်လို့တော်တော်ကောင်းတဲ့ Action ကားကောင်းလေးပါ။ဇာတ်လမ်းဇာတ်ကွက်လေးလဲ ကောင်းသလို Actionခန်းတွေကလည်းတော်တော်အားရစရာကောင်းလို့ Action ကားကောင်းမျှော်နေတဲ့ပရိတ်သတ်ကြီးနဲ့ကွက်တိကျမယ်ထင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့နည်းနည်းပဲပြောပြမယ်အရမ်းကောင်းလို့ကိုယ်တိုင်ကြည့်စေချင်ပါတယ်။သဘာဝဘေးအန္တရာယ်ဆိုတာမျိုးက ကြိုတင်ခန့်မှန်းမရတဲ့အရာမျိုးပါ။တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားဆိုတာကလည်းမတည့်သာမတည့်တာနိုင်ငံချင်းကျစပ်ဆက်နေတာပါ။မြောက်မှာတစ်ခုခုဖြစ်ရင်အဲ့အကျိုးဆက်ကို တောင်ကိုရီးယားကခံစားရမှာဖြစ်သလို တောင်ကိုရီးယားမှာ တစ်ခုခုဖြစ်ရင်လည်းမြောက်ကိုရီးယားကခံစားကြရမှာပါနိုင်ငံချင်းအမုန်းတရားနဲ့ကွဲနေကြပေမယ့်တချိန်ကလူမျိုးတူနိုင်ငံတူဖြစ်လို့ စည်းလုံးသင့်တယ်ဆိုတဲ့msgလေးကိုလဲ ထည့်ပေးထားပါတယ်။မြောက်ကိုရီးယားမှာရှိတဲ့ဘတ်ဒူမီးတောင်ပေါက်ကွဲမှုကိုအခြေခံရိုက်ကူးထားပြီးဒီသဘာဝဘေးအန္တရာယ်ဆိုးကြီးကိုနယ်ပယ်အသီးသီးအလွှာစုံကလူတွေ ဘယ်လိုတွန်းလှန်ကြတယ်အရေးကြုံရင်ဘယ်လိုစည်းလုံးကြတယ်ဆိုတာလေးကို တွေ့မြင်ရမှာပါ။မင်းသားကြီး မာဒုန်ဆော့ကဒီကားမှာမီးတောင်လေ့လာသူပရောဖက်ဆာဂန်းဘုန်ရယ်အဖြစ်သရုပ်ဆောင်ထားပြီး Along with the God မင်းသားဟာဂျန်ဝူးကတော့လက်နက်လေ့လာရေးနဲ့ကျွမ်းကျင်တပ်ကြပ်ဂျိုအင်ချန်းအဖြစ်သရုပ်ဆောင်ထားပါတယ်။ထူးချွန်မင်းသားလီဗြောင်ဟွန်းကတော့မြောက်ကိုရီးယားအထူးလေ့ကျင့်တပ်သားလျှို့ဝှက်သူလျှိုလီဂျွန်းဖြောင်းအဖြစ် တော်တော်လေးသဘာဝကျအောင်သရုပ်ဆောင်ထားနိုင်ပြီးဘေဆူဇီကတော့တပ်ကြပ်ဂျိုအင်ချန်းဇနီးအဖြစ်သရုပ်ဆောင်ထားပါတယ်။ညွှန်းချင်တာကတော့ Action ကားသိပ်မကြိုက်တဲ့သူတောင်ကြည့်ပြီးရင်ကြိုက်သွားနိုင်မယ့်ကားမျိုးဖြစ်တဲ့အပြင်တချို့နေရာမှာသဘာဝကျတဲ့ ပေါ့ပေါ့ပါးပါးရီစရာလေးတွေထည့်ပေးထားလို့ဇာတ်လမ်းလဲမပေါ့သလို ဇာတ်သိမ်းခန်းကလဲမျက်ရည်ဝဲစေတဲ့အထိကောင်းပါတယ်အားလုံးပဲဒီကားလေးကိုခံစားကြည့်လိုက်စေချင်ပါတယ်။