ကိုရီးယားမှာ ရေပန်းအစားဆုံးသော မှုခင်းရုပ်သံလိုင်းကို ထုတ်လွှင့်သူ Woo Sang ကWAG ဆိုတဲ့ Streaming ပလက်ဖောင်းမှာ မဖြေရှင်းရသေးတဲ့ အမှုတွေကို ခွဲခြမ်းစိတ်ဖြာတဲ့Profiler တစ်ယောက်အနေနဲ့ကျော်ကြားသလို Subscriber အများဆုံး နံပါတ် ၁ နေရာမှာရှိနေတဲ့သူဆိုလည်း မမှားပါဘူး။တစ်နေ့မှာတော့ သူ့ ထုတ်လွှင့်မှုကြောင့် အငြင်းပွားမှုတွေ ဖြစ်ပေါ်လာခဲ့ပြီး သူ့ နာမည်လည်းတစ်ဟုန်ထိုးကျသွားပါတော့တယ်။Woo Sang လည်း သူ့ရဲ့ မူလထိပ်တန်းနေရာကို ပြန်လည်ရောက်ရှိဖို့ရန်အတွက် နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ကွင်းဆက် လူသတ်မှုတွေနဲ့ ပတ်သက်ပြီးတော့တိုက်ရိုက်ထုတ်လွှင့်ပြီးစုံစမ်းစစ်ဆေးခြင်းကို စတင်ခဲ့တယ်။ဒီလိုနဲ့ သဲလွန်စတွေကို တစ်စတစ်စ လိုက်ရှာရင်း လူသတ်သမားရဲ့ နာမည်ကို ဖော်ထုတ်နိုင်ဖို့တဖြည်းဖြည်း နီးစပ်လာခဲ့သလိုလူသတ်သမားကလည်း သူ့ရဲ့ လှုပ်ရှားမှုတွေကိုစောင့်ကြည့်နေခဲ့ရာ…ဘာတွေ ဆက်ဖြစ်လာဦးမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှု အားပေးလိုက်ကြပါဦးနော်။