Night Mistress FHD

Night Mistress

Horror FHD 2025-03-24 2 0 Min

ဒီဇာတ်ကားကတော့ ဒါရိုက်တာ Philip Cable ရိုက်ကူးထားပြီးRene Aranda, Philip Cable, Javier Cazares, RayQuiroga စတဲ့ နာမည်ကြီး မင်းသား၊ မင်းသမီးကြီးတွေပါဝင်သရုပ်ဆောင်ထားတဲ့revenge ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ရှယ်လီဆိုတဲ့ မင်းသမီးနဲ့ စတန်းဂိုးမန်းဆိုတဲ့ တက်သစ်စဒါရိုက်တာတို့ဟာ အရမ်းချစ်ကြတဲ့ စုံတွဲတွေဖြစ်ပါတယ်။စတန်းဂိုးမန်းက ရှယ်လီ့အတွက်တော့ အမှောင်ထုထဲကအလင်းရောင်လိုဖြစ်တည်မှုမျိုးပါတဲ့။ဒါပေမယ့် ရုပ်ရှင်လောကကို သိမ်းပိုက်ချင်တဲ့‌ကော့ဒ်ဆိုတဲ့ဂိုဏ်းခေါင်ဆောင်နဲ့ ခေါင်းမာတဲ့စတန်းဂိုးမန်းတို့ ပြဿနာတက်ကြရင်းကနေ စတန်းဟာ အသတ်ခံလိုက်ရပါတော့တယ်။အလင်းရင်းမြစ်ကို ဆုံးရှုံးလိုက်ရတဲ့ရှယ်လီတစ်ယောက်သူမဘဝမှာ အမှောင်ထုတွေ ပြန်လည်ဖုံးလွှမ်းလာပြီးလက်စားချေမယ့်ခရီးစဉ်ကို စတင်ပါတော့တယ်။ဒေါသတွေနဲ့ ရူးသွပ်နေတဲ့ ရှယ်လီတစ်ယောက်ကော့ဒ်တို့ရဲ့အင်အားတောင့်တင်းတဲ့ ဂိုဏ်းကြီးကိ ဘယ်လိုမျိုး လက်စားပြန်ချေဖို့ အစီအစဉ်ချမှာလဲ….ရဲအရာရှိပတ်စ်တွန်နဲ့ လစ်ပ်တွန်တို့ ပူးပေါင်းအဖွဲ့ကရောဒီအမှုကိုအဆုံးအထိလိုက်ပါဖြေရှင်းနိုင်ပါ့မလား….ရှယ်လီရဲ့ လက်စားချေမှုက အောင်မြင်မှာလား…ကျရှုံးသွားမှာလား…ရှယ်လီကရော နောက်ဆုံးဘာဖြစ်သွားမလဲ….ဒါတွေကို ဒီဇာတ်ကားလေးကို ကြည့်ရှုရင်းအဖြေရှာရမှာပါ။