လောင်းကစားရုံတစ်ခုမှာ အမေရိကန်ဒေါ်လာ ၅ သိန်းကိုလောင်းကြေးအဖြစ် လောင်းနေချိန် ရဲတွေဝင်ဖမ်းတဲ့အတွက် ရှုပ်ထွေးသွားခဲ့ပါတယ်။ရှုပ်ထွေးနေချိန်ကို အခွင့်ကောင်းယူပြီး လောင်းကစားသမား ကျန်းလင်ကငွေအိတ်ကို ဆွဲပြီး ထွက်ပြေးလာခဲ့တဲ့အတွက်လောင်းကစား ရုံပိုင်ရှင် အစ်ကိုလိတို့အဖွဲ့က လိုက်သတ်ဖို့ လုပ်ပါတော့တယ်။ကျန်းလင်က အနီးနားက အပန်းဖြေဟိုတယ်တစ်ခုထဲ ဝင်ပုန်းခဲ့ပြီးငွေအိတ်ကို ဟိုတယ်ရဲ့ ဘီရိုအမှတ် ၈၁၅၉ ထဲ ဖွက်ထားခဲ့ပါတယ်။တိုင်ဖွန်မုန်တိုင်း တိုက်ခါနီးဖြစ်တဲ့အတွက် ဟိုတယ်ကဧည်သည်တွေအကုန် ပြန်ကုန်ကြတဲ့အတွက်ဟိုတယ်မှာ ဝန်ထမ်းနည်းနည်းပဲ ကျန်ခဲ့ပါတယ်။ဒေါ်လာ ၅ သိန်းပါတဲ့ ငွေအိတ်ကြီးကို ဝန်ထမ်းတစ်ယောက်ကတွေ့သွားတဲ့အခါ လောဘက အနိုင်ရသွားမလား……ဒေါ်လာ ၅ သိန်းပါတဲ့ ငွေအိတ်နောက် လိုက်လာတဲ့ ဒုစရိုက်အဖွဲ့ကရောငွေအိတ်ကို ပြန်ရအောင် ဘယ်လိုပြန်လိုက်ကြမလဲ……ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။