Crazy Texas HD

Crazy Texas

Horror HD 2025-04-04 5.1 90 Min

ဒီတစ်ခါမှာတော့ ပိတ်ရက်မှာ အပျင်းပြေ ကြည့်ဖို့ cmပရိသတ်ကြီးကို Horror ဇာတ်ကားတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဘုရားသခင်ရဲ့ ဆန့်ကျင်ဘက် အမှောင်ကမ္ဘာနတ်ဆိုး လူစီဖာကို ကိုးကွယ်ပသပူဇော်ကြတဲ့လူတွေအခုခေတ်ထိတိုင် ကမ္ဘာအနှံ့အပြားမှာ လူမသိ သူမသိရှိနေသေးတယ်ဆိုတာ အားလုံးလည်း သိကြမှာပါ။ဒီဇာတ်ကားမှာတော့ တက္ကဆက်ပြည်နယ် မြို့လေးတစ်မြို့မှာနေထိုင်တဲ့ လီလီနဲ့ အေဗရီလို့ခေါ်တဲ့ညီအစ်မ နှစ်ယောက်ရှိပါတယ်။ အဖိုးအဖွားတွေက သူတို့ကွယ်လွန်ပြီးနောက်အမွေတွေကို သူတို့ညီအစ်မကို ပေးဖို့ သေတမ်းစာရေးထားခဲ့တာပါ။ သေတမ်းစာမှာက သူတို့တွေ ညီအစ်မနှစ်ဦးသဘောတူခွဲယူချင်ယူ မဟုတ်ရင် ဘုရားကျောင်းကိုအားလုံးလှူဒါန်းပစ်ဖို့ပါပဲ။ ဘာသာရေးကို သက်ဝင်ယုံကြည်သူ တစ်ယောက်ဖြစ်တဲ့ အေဗရီက အားလုံးကိုဘုရားကျောင်း လှူပစ်ချင်ပေမယ့် လီလီကလက်မခံချင်ပါဘူး။ သူတို့ညီအစ်မနဲ့ ဆွေးနွေးကုသမှု ပေးနေတဲ့စိတ်ကုထုံး ဆရာဝန်တစ်ယောက် ဖြစ်တဲ့ ထရဲဗားကသူတို့နှစ်ယောက်ကို မေ့ဆေးပေး ဖမ်းခေါ်သွားတဲ့အခါမှာတော့..။ဘယ်လောက်ပဲချစ်ခင်ရင်းနှီး ယုံကြည်စိတ်ချ ကြသူတွေဖြစ်ပါစေ ငွေကြေးလောဘ ပါလာတဲ့အခါမှာ မထင်မှတ်ထားတာတွေ ဖြစ်လာနိုင်တယ်ဆိုတာကို ရိုက်ကူးတင်ပြထားတဲ့ဇာတ်ကားတစ်ခု ဖြစ်ပါတယ်။