Twisted Devotion HD

Twisted Devotion

Drama Thriller Music HD 2025-03-01 7 70 Min

လေးစားအားကျရတဲ့သူ ဘဝရဲ့ရည်မှန်းချက်ပန်းတိုင်တွေကိုလျှောက်လှမ်းဖို့မျှော်လင့်ချက်ပေးတဲ့သူဆိုတာ လူတွေဘဝမှာရှိတတ်ကြပါတယ်ဒီလိုပဲ အနုပညာရှင်တွေဆိုတာလဲ နှစ်သက်သူလူတိုင်းရင်မှာ နေရာတစ်ခုတော့ယူထားနိုင်စမြဲပါပျော်ရွှင်မှု ဝမ်းနည်းမှုတွေနဲ့ဘဝပန်းတိုင်ကိုရောက်နိုင်ဖို့အတွက် အားပေးမှုအဖြစ်ယူဆထားကြတယ်အဆိုတော်တွေ သူတို့သံစဉ် သီချင်းတွေနဲ့ ဘဝအမောတွေဖြေပေးနိုင်တာကလဲ ကျေးဇူးတင်စရာပါပဲ ဒါဆိုရင် လေးစားမှုမှာပဲရပ်တန့်သွားမှာလား အရမ်းကို လေးစားချစ်ခင်လာတဲ့အခါကိုယ့်ခံစားချက်တွေဟာဒီနေရာမှာပဲရပ်တန့်သွားတာမဟုတ်ပါဘူး စွဲလန်းမှု ဟုတ်တယ် စွဲလန်းမှုဆိုတာ ကြောက်ဖို့ကောင်းတဲ့အထင်မှားမှုတစ်ခုပါစွဲလန်းကြသူလူသားတိုင်းကဒါကို အမှန်အတိုင်းမမြင်နိုင်ကြဘဲ အချစ်လို့ပဲယူဆကြတဲ့သူတွေကြီးပါပဲအချစ်နဲ့စွဲလန်းမှုကြားမှာလဲ စည်းပါးပါးလေးပဲခြားပါတယ် တကယ်တော့နောက်ကွယ်မှာနက်ရှိုင်းတဲ့ခံစားချက်တွေနစ်မြုပ်နေစမြဲပါ ဒီကားလေးမှာလဲနာမည်ကြီးလူကြိုက်များတဲ့သီချင်းတွေနဲ့နောက်ကွယ်က ပေါ့အဆိုတော်မလေးစကိုင်းတစ်ယောက် ဘဝမှာနစ်မွန်းလာပြီးအနားယူရာကနေ တစ်ဖန်ပြန်ကျော့လာတဲ့ သူ့ရဲ့အယ်ဘမ်အသစ်က အရမ်းကိုပေါက်သွားပါတယ် သူ့ရဲ့ဘဝအတွေ့အကြုံ သူ့ခံစားချက်ဘက်ကနေသူ့ကိုစွဲလန်းလေးစားသူ အချစ်လို့သတ်မှတ်ထားတဲ့သူ့ပရိသတ်တစ်ယောက်ကတော့ သူ့ဘဝမှာ သူ့ကိုလက်ခံနိုင်ဖို့အတွက် ဘယ်လိုတွေမထင်မှတ်ထားနိုင်တဲ့ စည်းမျဉ်းကိုချိုးဖောက်လိုက်လဲစိတ်ရဲ့စေရာကိုလိုက်ရင်းက ရူးသွပ်မှုတစ်ခုကို ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်