ဒီတစ်ခါ ပရိသတ်ကြီးကို Candlewood ဆိုတဲ့ Horrorကားသစ်လေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဒီဇာတ်ကားကို နာမည်ကြီး Horror ဇာတ်ကားတွေအရိုက်များပြီး သစ်တောသစ်ပင် ရေကန်တွေသဘာဝရှုခင်းတွေနဲ့ နာမည်ကြီးတဲ့ ကွန်နတီကပ်ပြည်နယ်နယူးမီလ်ဖို့ဒ်မြို့မှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ နယူးယောက်က မိသားစုတစ်စုဟာ ကန်ဒယ်ဝုဒ်ဟေးစ် နားကအိမ်ကြီးတစ်လုံးကိုရာဇဝင်မသိ မမြင်ဖူးသေးဘဲ ငွေပေးချေ ဝယ်ယူခဲ့ပါတယ်။မိသားစုလိုက် နေထိုင်ဖို့ ပြောင်းလာခဲ့ပြီးမှ နယ်ခံတစ်ချို့ရဲ့သူတို့အပေါ် အမြင်မကြည်လင်မှုတွေနဲ့ ဒီနယ်မြေရဲ့ဒဏ္ဍာရီဇာတ်လမ်းတွေ သိခဲ့ရပြီးနောက်မှာတော့သူတို့မိသားစုတွေကြားထဲမှာ ထင်ယောင်ထင်မှားမှုတွေ…ပြဿနာတွေ ဖြစ်လာခဲ့ပါတော့တယ်။ဒဏ္ဍာရီထဲက ဖြစ်ရပ်တွေက တစ်ကယ်ပဲလား…။ဒီအိမ်ကြီးမှာအရင်နေခဲ့တဲ့သူတွေက ဘာတွေဖြစ်သွားခဲ့ကြတာလဲ…..။သူတို့ မိသားစုကို ခြောက်လှန့်နေတဲ့ အရာတွေက ဘာတွေလဲဆိုတာကတော့……။ ( စပွိုင်လာ သုံးသပ်ချက်…. ဒီဇာတ်ကားကို Horror Faတစ်ယောက်အနေနဲ့ သုံးသပ်ရရင် ဇာတ်လမ်းနဲ့ နေရာထိုင်ခင်းကောင်းပေမယ့် အားမရစရာ ကောင်းတယ်လို့ ပြောလို့ ရပါတယ်။ဒါကြောင့်လည်း IMDB မှာ Rating 5.0 ပဲ ရတာ နေမယ်…။အမှန်တကယ်ခြောက်ခြားစရာ ဖြစ်အောင် ရိုက်ကူးလို့ရရဲ့သားနဲ့ creepy ဖြစ်မယ့် ရိုက်ကွက်နေရာတွေ ရှိရဲ့သားနဲ့သာမန် သွေးလေခြောက်ခြားပြီး ထင်ယောင်ထင်မှား ဖြစ်တဲ့ပုံစံမျိုးတွေ ရိုက်ကူး ပြထားတာကအတော်ဆိုးတယ်လို့ပြောရမယ်။ သိပ္ပံနည်းကျ စဉ်းစားကြည့်မယ် ဆိုရင်တော့သူတို့တွေ သောက်သုံးတဲ့ ရေကနေ ပြဿနာ တစ်ခုခုရှိတယ်လို့ ထင်ပါတယ်။ ရေတစွတ်စွတ် သောက်ပြနေတဲ့ရိုက်ကွက်တွေကိုထည့်သွင်းထားတာလည်း အဲဒါကိုမြင်သာစေချင်လို့ ယူဆမိပါတယ်။ )