MMA - A Fathers Fight HD

MMA - A Fathers Fight

Drama Family HD 2025-01-16 5 104 Min

“မိသားစုအတွက်တောင် ရုန်းကန်မပေးတဲ့ ယောကျ်ားက ဘယ်အရာမှ ဖြစ်ဖြစ်မြောက်မြောက် လုပ်မှာမဟုတ်ဘူး”2025 ခုနှစ်ထွက် ဒီအားကစားကားလေးက မက်စ်နဲ့သူ့ရဲ့ အော်တစ်ဇင်ဖြစ်နေတဲ့ သားဖြစ်သူ ဘရူနိုကြားက ဆက်ဆံရေးကိုလဲ အလေးပေးရိုက်ပြထားတာပါ။တစ်နေ့ ၈နှစ်အကြာမှာ လက်ဝှေ့သမား မက်စ်ကသူနဲ့ရခဲ့တဲ့ကလေး ဘရူနိုရှိနေကြောင်းသိလိုက်ရပါတယ်။အမေဖြစ်သူက ကင်ဆာနဲ့ဆုံးပါးသွားတာကြောင့် သူငယ်ချင်းဖြစ်သူ လိုင်းရီးက စောင့်ရှောက်ပေးထားရတာပါ။အဲ့နောက် သားအဖနှစ်ယောက်နဲ့သူငယ်ချင်းဖြစ်သူ လိုင်းရီးတို့ရဲ့ ဆက်ဆံရေးကရော ဘယ်လိုဆက်ဖြစ်လာမလဲ?သားဖြစ်သူ အော်တစ်ဇင်ဖြစ်နေတာကြောင့် ထိန်းဖို့အရမ်းခက်ကြောင်းပြောလာတဲ့အခါမှာတော့..လာမည့်အပတ်မှာလက်ဝှေ့ပွဲစဥ်ကြီးရှိတဲ့မက်စ်တစ်ယောက် သူ့လေ့ကျင့်ခန်းတွေနဲ့ မိသားစုအရေးကို ဘယ်လိုညှိယူမလဲဆိုတာ စိတ်ဝင်တစ်စား ကြည့်ရှုရမှာပါ။