Dogma HD

Dogma

Comedy Fantasy Adventure HD 1999-11-12 6.923 130 Min

ဇာတ်လမ်း​အကျဥ်း​ကတော့​ Bartleby နဲ့ Loki တို့ဟာ တမန်​တော်​နှစ်​ပါးဖြစ်ပြီး ဘုရား​သခင်​က အပြစ်​ပေးထားတာကြောင့် လူ့ပြည်က ဝစ္စကွန်ဆင်ပြည်နယ်မှာ နေထိုင်​နေကြ​ပါတယ်​။ တစ်​နေ့မှာ​သူတို့ရဲ့အပြစ်တွေကို ချေဖျက်​ပြီး ကောင်း​ကင်ဘုံ​ကို တစ်ဖန်ပြန်ဝင်နိုင်မဲ့ ယိုပေါက်​တစ်ခုကို တွေ့ရှိ​ခဲ့ပါတယ်။ ဒါကတော့​ ကတ်​သလစ်သာသနာရဲ့ တရား​သေ ယုံကြည်မှု​တစ်​ခုဖြစ်တဲ့ Planery Indulgenceဖြစ်​ပြီး​ နယူး​ဂျာစီက ဘုရား​ကျောင်း​တစ်ခု​ထဲက မုခ်​ဦး​တစ်ခုကို​ ဖြတ်​လျှောက်​လိုက်​ရုံနဲ့ ဘုရား​သခင်​က သူတို့​နှစ်ဦး​ကို ခွင့်​လွှတ်​ရမှာ ဖြစ်​တယ်​လို့ဆိုပါတယ်။ ဒါပေမဲ့​ ဒီကိစ္စ​က ​ထင်ထားတာထက် နက်​နဲပြီးသူတို့နှစ်ဦး​ မုခ်​ဦး​ကိုဖြတ်လိုက်တာနဲ့ တစ်လောကလုံးရဲ့ ဖြစ်​တည်​မှုကို ပြောင်းပြန်လှန်သလိုဖြစ်ပြီး အရာအားလုံး​ ပျက်​သုဉ်း​သွားမှာပါ။ ဒီတော့ ဘုရား​သခင်​ရဲ့ အသံတော်ဖြစ်တဲ့ Metatron ကနေ ဦး​ဆောင်ပြီး အဖွဲ့တစ်ခု ဖွဲ့စည်း​ကာ တမန်​တော်​နှစ်​ပါး​ကို တားဆီး​ဖို့ ပြင်ဆင်​ရပါ​တော့တယ်။ အဖွဲ့​ထဲမှာ The Last Scion ဖြစ်​တဲ့ မိန်းကလေး​တစ်ဦး၊ ခရစ်​တော်​ရဲ့ ၁၃ ပါးမြောက်​ Apostle​ နဲ့ Muse နတ်သမီး​တစ်ပါး၊ ဆေးသမား ​ဂျလေဘီနှစ်ယောက်​ ပါဝင်​ကြပါ​တယ်။ဇာတ်လမ်း​အမျိုး​အစား​က Satire/Comedy အမျိုး​အစား​ဖြစ်​ပြီး​ ဒီရုပ်ရှင်ကို မုန်း​တီး​ကြသူတွေရှိသလို ​ယုံကြည်​မှု​နဲ့ဆိုင်တဲ့ လေးနက်​တဲ့ အကြောင်း​အရာတွေ​ကို ဟာသဆန်​တဲ့ ဒိုင်​ယာ​လော့တွေနဲ့ အနား​သတ်​ထား​ပုံ​တွေ၊ ရဲဝံ့ပြောင်မြောက်တဲ့ မေး​ခွန်း​ထုတ်​သရော်​ထားမှုတွေကြောင့်လည်း လူကြိုက်များတဲ့ cult- classic ရုပ်​ရှင်​လို့လည်း သတ်မှတ်​နိုင်​ပါတယ်။ရိုင်း​ပျပြင်းထန်တဲ့ စကားလုံး​တွေ၊ ပြကွက်တွေ ပါဝင်​တာကြောင့်​ R-rated သတ်မှတ်​ထား​ပြီး၊ ဘာသာ​ရေး​အရ ထိရှ​လွယ်​သူတွေ ကြည့်​ရှု​ဖို့​မသင့်ပါဘူး။