A Vilã das Nove FHD

A Vilã das Nove

Comedy Drama FHD 2024-10-31 6.25 103 Min

A.Vila.Das.Nove 2024ကားလေးကတော့ rating 6.7ရရှိထားတဲ့ ဘရာဇီးကားလေးပဲ ဖြစ်ပါတယ်။ဒီကားလေးမှာတော့ Eugeniaဆိုတဲ့အမျိုးသမီးဟာငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျခဲ့ပြီးသူ့အိမ်ထောင်ရေးဘဝကိုမကျေမနပ်ဖြစ်ကာ အမြဲတမ်းလိုလို အရာအားလုံးကိုစိတ်မကျေမနပ်ဖြစ်နေတဲ့သူဖြစ်ပါတယ်။တစ်နေ့မှာတော့ သူဟာ သူဘဝကိုအဆုံးသတ်ပြီးဘဝအသစ်စဖို့အတွက်သူ့သမီးနဲ့ယောကျာ်းကိုထားခဲ့ပြီးထွက်ပြေးသွားပါတော့တယ်။အရွယ်ငယ်သေးတဲ့သူ့သမီးလေးဟာ စိတ်ဒဏ်ရာများနဲ့သာကြီးပြင်းခဲ့ရပါတယ်။မိခင်မေတ္တာငတ်နေတဲ့သမီးလေးကသူ့အမေကိုမုန်းတီးပြီးကြီးလာတဲ့အခါမှာတော့ သူဘဝဇာတ်ကြောင်းကို ဇာတ်ညွှန်းရေးဆရာနဲ့ပေါင်းပြီး ရုပ်ရှင်ဇာတ်လမ်းတွဲတစ်ခုကိုရေးကာထုတ်လွင့်ပါတော့တယ်အဲ့ဒီနောက်မှာ သူ့အမေကဇာတ်လမ်းတွဲကိုကြည့်မိပြီးဘာတွေဆက်ဖြစ်သွားမှာလဲ……………….သူသမီးကိုပြန်သွားရှာမှာလား………….ဘယ်လိုပြဿနာတွေနဲ့ကြုံတွေ့ရမလဲဆိုတာတွေကိုစိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်မဲ့ကားလေးပဲဖြစ်ပါတယ်။ဒီကားလေးမှာတော့ မိခင်တစ်ယောက်ရဲ့စိတ်ကျဥ်းကြပ်မှုတွေကလေးတွေရဲ့စိတ်ဒဏ်ရာတွေနဲ့ မိသားစုဘဝပြဿနာတွေကိုကောင်းကောင်းကြီးရိုက်ပြသွားတာမို့ သင်တို့က ဘရားဇီးကားတွေကြိုက်တဲ့သူဆိုရင်တော့ဒီကားလေးကမလွတ်တန်းကြည့်သင့်တဲ့ကားလေးပဲ ဖြစ်ပါတယ်နော်။