Mother Father Sister Brother Frank HD

Mother Father Sister Brother Frank

Comedy Horror Thriller HD 2024-04-06 6.75 85 Min

ဂျန်းနင်းမိသားစုက တနင်္ဂနွေတိုင်း ညစားတူတူစားကြလေ့ရှိပါတယ်။ အဲ့လိုနဲ့ ဒီအပတ်ညစာစားပွဲကလည်း သာမန်ညစာတွေလိုပါပဲ။ အဖေက ဝိုင်သောက်ရင်း၊ အစ်ကိုဖြစ်တဲ့ဂျငဖုန်းတစ်လုံးနဲ့အလုပ်ရှုပ်နေကာ၊ အငယ်မဂျိုလင်းက အရက်ရှောင်နေကြီး အမေဖြစ်သူဂျွိုင်းကတော့ ရောက်တက်ရာရာတွေပြောနေပါတယ်။ဒါပေမဲ့ သာမန်ညစာတွေနဲ့ မတူဘဲ တစ်ခုထူးခြားနေတာက အဖေဖြစ်တဲ့ ဂျယ်ရီနဲ့ အမေဂျွိုင်းတို့ကိ ဒီညမှာတော့ ထူးဆန်းနေပြီး တစ်ခုခုကို ဖုံးကွယ်နေကြပါတယ်။ ဖြစ်ချင်တော့ငွေကြေးခဝါချတဲ့အမှုတစ်ခုကြောင့် ဦီးလေးဖြစ်တဲ့ ဖရန့်က သူတို့မိသားစုကို ခြိမ်းခြောက်နေခဲ့ပါတယ်။ အဲ့လိုကနေပဲ ဂျန်းနင်းမိသားစုက ဖရန့်ကို သတ်မိလိုက်ကြပါတယ်။ ဒီလိုနဲ့ သူတို့ဂျန်းနင်းမိသားစုတွေရဲ့အလိမ်အညာတွေ ဖုံးကွယ်ထားတာတွေကလည်း တစ်ခုပြီး တစ်ခု ထွက်လာကြပါတော့တယ်။ ဂျင်က ဘာလို့ ဖုန်းတစ်လုံးအလုပ်ရှုပ်နေရလဲ။ ဂျိုလင်းကရော ဘာကြောင့် အရက်ရှောင်နေရသလဲ။အလိမ်တွေပေါ်သွားတဲ့အခါမှာတော့ သူတို့မိသားစုတွေ နားလည်နိုင်ကြပါ့လား။ဒီလိုနဲ့ပဲ တစ်ယောက်နဲ့တစ်ယောက်လိမ်ညာနေခဲ့ကြတဲ့ ဒီမိသားစုက အလောင်းကို ဘယ်လိုဖျောက်ကြမလဲ၊ သူတို့ကြားက အလိမ်အညာတွေကရော ဘယ်လိုမျိုး ပေါ်လာကြမလဲ၊အိမ်ကိုရောက်လာတဲ့ရဲအရာရှိကိုရော ဘယ်လိုလိမ်ကြမလဲဆိုတာက အလွဲမျိုးစုံနဲ့ ပေါ့ပေါ့ပါးပါးလေး ကြည့်ရှုကြရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။