IT , Defending Jacob တို့နဲ့နာမည်ရခဲ့တဲ့ လူငယ်သရုပ်ဆောင်Jaden Martel ရဲ့ ဆယ်ကျော်သက် Musical ရုပ်ရှင်လေးပါ။ဒီရုပ်ရှင်မှာရိုက်ပြထားတာက Metal Music အကြောင်းပါ ။လူငယ်ေတွရဲ့ဂီတ Genres တွေထဲမှာ ပျောက်ကွယ်လုဖြစ်နေတဲ့Rock musicရဲ့ Metal Music ကို အသက်ပြန်သွင်းပြီး တီးဝိုင်းပြိုင်ပွဲကြီးမှာ အနိုင်ရဖို့ ကြိုးစားနေတဲ့ လူငယ်လေး 2 ယောက်ပေါ့။ပတ်၀န်းကျင်ရဲ့ရှုံ့ချမှု အထင်မကြီးမှုတွေကို ချိုးဖျက်ပြီး သမိုင်းမှာဂန္တ၀င် Metalတီးဝိုင်းတစ်ခုဖြစ်အောင် ကြိုးစားကြမယ်ဆိုတဲ့လူငယ် 2 ယောက်ရဲ့ တီးဝိုင်းထဲကို Cello တီးတဲ့ ကောင်မလေးတစ်ယောက်ရောက်လာခဲ့တဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်သွားမလဲကြည့်ရမှာပါ။1980,90 လောက်က နာမည်ကြီးခဲ့တဲ့ Metallic, Guns and Roseတို့လို ဂန္တ၀င် Band တွေရဲ့ သီချင်းတွေ Referenceတွေကို ထည့်သုံးထားတာကြောင့်လား ကြည့်ရတာနဲ့ နားထောင်ရတာ အတော်လေးကောင်းပါတယ် ။