Tori Girl! HD

Tori Girl!

Comedy HD 2017-09-01 7.3 97 Min

ဘဝမှာ ဆယ်ကျော်သက်ပီပီ ဘာလုပ်ချင်မှန်း ဘာဖြစ်ချင်မှန်းမသိဘဲ အမှတ်မီပြီးဝင်ခွင့်အောင်လို့ အင်ဂျင်နီယာကျောင်းတက်ဖို့ ဖြစ်လာခဲ့တဲ့ ယူကီနာဆိုတဲ့ကောင်မလေး။ပထမဆုံးနေ့မှာ ခင်ခဲ့တဲ့ သူငယ်ချင်းမလေးကို အကြောင်းပြုပြီး လေယာဥ်ကို လူသားစွမ်းအင်နဲ့လည်ပတ်ပျံသန်းနိုင်‌စေဖို့ ကြိုးစားနေကြတဲ့ ငှက်လူသားစမ်းသပ်အသင်းထဲ ဝင်ဖို့ဖြစ်လာတော့တယ်ငှက်လူသားအသင်းရဲ့ လေယာဉ်မှူး ကပ္ပတိန် ခဲအိရဲ့ လူကြီးလူကောင်းဆန်တဲ့ အပြုအမူတွေကြောင့်သဘောကျမိပြီး သူ့ရဲ့တွဲဖက်လေယာဉ်မှူးဖြစ်ဖို့ ကြိုးစားရာကနေ မထင်မှတ်ဘဲ ဆာကဘဆိုတဲ့ခွေးရူးလို့လူတိုင်းတင်စားရတဲ့ လူဆိုးလေးရဲ့ တွဲဖက်လေယာဉ်မှူးဖြစ်လာတဲ့အခါမှာတော့..ကြောင်နဲ့ကြွက်လို မတည့်အတူနေနှစ်ယောက် ပူးပေါင်းပြီး လေယာဉ်ကို ဟန်ချက်ညီညီနဲ့ ထိန်းလို့ပျံသန်းအောင်လုပ်နိုင်ပါ့မလားဆိုတာ……..