Zombie Repellent FHD

Zombie Repellent

Comedy FHD 2025-03-25 5 0 Min

ဇာတ်လမ်းအကျဉ်းကတော့ လစ်ဇ်နဲ့ချက်ဒ်တို့ကဘယ်သူမှမသိအောင် ဗီးကပ်စ်ကိုခိုးထွက်လာပြီးမင်္ဂလာဆောင်ဖို့စီစဉ်ထားကြတယ်။စီစဉ်ထားတဲ့အတိုင်းပဲ မနက်ဖြန်မင်္ဂလာဆောင်ရမယ့်နေ့ဖြစ်တဲ့အတွက် ချက်ဒ်နဲ့လစ်ဇ်တို့က ကားတစ်စီးနဲ့နှစ်ယောက်တည်း ဘယ်သူမှမရှိတဲ့အမြန်းလမ်းမပေါ်ကနေဗီးကပ်စ်ကိုထွက်လာကြတယ်လစ်ဇ်ကတော့မင်္ဂလာပွဲအမှီမရောက်မှာစိုးနေပေမယ့်ချက်ဒက်ကတော့ ဇနီးလောင်းလေးကိုအမှတ်တရတွေများစွာရနိုင်မယ့်အမြန်လမ်းကနေမောင်းဖို့ရွေးချယ်ခဲ့တာဖြစ်ကြောင်းပြောပြနေလေရဲ့။ဒါပေမယ့်လမ်းခုလတ်အရောက်မှာကားကပျက်သွားတယ်။အရင်ကတည်းကမကျေနပ်တဲ့လစ်ဇ်ကစိတ်ဆိုးပြီးကားပေါ်ကဆင်းသွားတယ်။ချက်ဒ်ကလိုက်ချော့နေရင်းနဲ့ပဲကားအခိုးလိုက်ရတယ်။နှစ်ယောက်သားစိတ်ပျက်လက်ပျက်နဲ့အမြန်လမ်းမပေါ်မှာလမ်းလျှောက်နေတုန်း ကားတစ်စီးရောက်လာတယ်။ သူတို့ကားကိုယူသွားတဲ့သူကိုသိကြောင်းလိုက်ပို့ပေးမယ်လို့ပြောနေတာကြောင့်နှစ်ယောက်သားကားကြုံစီးလိုက်ရတယ်။ကားဝပ်ရှော့မှာသူတို့နှစ်ယောက်ရဲ့ကားကိုတွေ့ပေမယ့်ကားကဘတ်ထရီလုံးဝပျက်နေတာကြောင့်မနက်ဖြန်နေ့လည်မှပြင်လို့ပြီးမှာဖြစ်ကြောင်းပြောလိုက်တဲ့အတွက်ဒီမြို့မှာပဲညအိပ်ဖို့စီစဉ်လိုက်ရတယ်။မိုတယ်မရှိတဲ့အတွက် မစ္စပိုဝဲလ်ကသူ့အိမ်မှာ တစ်ညတာအိပ်ဖို့စီစဉ်ပေးလိုက်တယ်။အိမ်ရဲ့စည်းကမ်းကိုလိုက်နာဖို့နဲ့ညဖက်မှာအပြင်မထွက်ဖို့ပြောထားပေမယ့် ညဖက်ရောက်တော့ လစ်ဇ်ကမြေအောက်မှာအသံကြားလို့ထကြည့်တဲ့အခါမှာတော့….