A Brothers Bond HD

A Brothers Bond

Crime HD 2024-11-19 8.3 0 Min

ဒီ ဇာတ်လမ်းလေးကတော့ နာမည်အတိုင်း ညီအစ်ကို နှစ်ယောက်ကြားက ဆက်ဆံရေး နဲ့ တစ်ယောက်အတွက် တစ်ယောက် အမြဲရှိနေကြတယ်ဆိုတဲ့ အချက်ကို ရိုက်ပြထားတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။တွမ်နဲ့ ဒန်နီ က ငယ်ငယ်တည်းက တပူးပူးတတွဲတွဲ အတူနေလာကြတဲ့ ညီအစ်ကိုနှစ်ယောက်ပါ ။သူတို့ အမေက သူတို့ငယ်တုန်းမှာပဲ ဆုံးသွားပြီး အဖေနဲ့ အတူတူနေခဲ့ကြရတာပါ ။ တစ်ရက်မှာတော့သူတို့ အဖေဟာလဲ ပျောက်သွားပြီး သတင်းအစအနရှာမရခဲ့ပါဘူး ။ဒန်နီ နဲ့ တွမ် တို့ဟာ ကိုယ့်ကိုယ်ကို အားကိုးပြီး ဆင်းဆင်းရဲရဲ နေခဲ့ကြရပါတယ် ။တစ်ရက်မှာတော့ အရက်ဆိုင်မှာ ရန်ဖြစ်ရာကနေ သူတို့ကို စောင့်ကြည့်နေတဲ့လူတစ်ယောက်က သူတို့ကို အလုပ်ကမ်းလှမ်းခဲ့ပါတယ် ။ညီအစ်ကို နှစ်ယောက်လည်း ဒီအလုပ်ကို စွန့်စားယူလိုက်ရာကနေဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကို ခံစားကြည့်ရှုရမှာဖြစ်ပါတယ် ။