အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ ခရစ်ယာန်တွေအတွက် အဓိကရည်ရွယ်တင်ဆက်ပေးထားပေမဲ့ လူမျိုးမရွေး ဘာသာမရွေး ရှုစားလို့ရတဲ့ အင်ဒိုနီးရှားဟာသဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ Sampung Utos Kay Joshဖြစ်ပြီး လက်ရှိ IMDb Rating 8.6 အထိရရှိထားတဲ့အတွက်မကောင်းမှာကတော့စိတ်ပူနေစရာကိုမလိုပါဘူး ။အဓိကပေးချင်တဲ့မက်ဆေ့ချ်ကတော့ကိုယ့်ဘ၀မှာတစ်သက်လုံး စည်းမျဉ်းတွေကို မချိုးဖောက်ဘဲ စည်းကမ်းရှိတဲ့ ကိုယ်ကျင့်တရားကောင်းတဲ့လူအဖြစ်နေလာခဲ့ပေမဲ့လည်းတစ်ခါတစ်လေမှာ ကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်မကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်တွေကို ကြုံတွေ့လာပေါင်းများလာရတဲ့အခါမှာတော့ကိုယ်ကိုယ်တိုင်ကပါမကောင်းတဲ့လူတစ်ယောက်ဖြစ်ချင်လာတဲ့အရာမျိုးတွေကိုကြုံတွေ့ဖူးကြမှာပါ။ဒါပေမယ့် အဲ့လိုကိုယ့်ဆီမှာဆိုးဝါးတဲ့အရာတွေဖြစ်လာတဲ့အခါမှာ ကိုယ့်ရဲ့ကောင်းမွန်တဲ့အကျင့်စရိုက်ကိုတန်ဖိုးထား မစွန့်ပစ်ဘဲနဲ့ ဆက်လက်ကျင့်သုံးသင့်တဲ့အကြောင်းကို ပညာယူနိုင်ဖို့ ဟာသလေးတွေနဲ့ သူတော်ကောင်းလေးတစ်ယောက်ရဲ့ဘ၀ကိုတင်ဆက်ထားတာပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်နာမည်ကတော့ ဂျော့ရှ်ဆိုတဲ့သူဖြစ်ပြီး သူက ငယ်စဉ်ကတည်းကယခုအသက်အရွယ်အထိ ဘုရားတရားကို ရိုသေကိုင်းရှိုင်းခဲ့သူတစ်ယောက်ဖြစ်ပါတယ်တနင်္ဂနွေနေ့တိုင်းဘုရားကျောင်းတက်ခရစ်ယာန်တွေရဲ့ပညတ်တော် ၁၀ ပါးလည်းမချိုးဖောက်တဲ့အပြင် အိမ်တစ်အိမ်လုံးမှာပါ ဘုရားနဲ့ပတ်သတ်တဲ့ ရုပ်တုတွေပုံစံတူတွေမှအပြည့်ပါပဲ။အလုပ်အကိုင်ကတော့ဘဏ်ဝန်ထမ်းဖြစ်ပြီး ရိုးသားကြိုးစားတဲ့အတွက် ဘဏ်သူဌေးရဲ့သမီးရဲ့ သမီးရည်းစားဖြစ်ပြီး သူဌေးသားမက်လောင်းလေးပါဖြစ်နေပါတော့တယ်။ဒီလိုမျိုးစည်းမျဉ်းတွေအားလုံးကိုလိုက်နာခဲ့ပြီးဘုရားတရားကိုင်းရှိုင်းခဲ့တဲ့ သူ့ဘ၀လေးက ပြည့်စုံနေပေမဲ့ ကံကြမ္မာရဲ့လှည့်ကွက်တွေရောက်ချလာပြီး တစ်ခုပြီးတစ်ခုစတင်ပြိုလဲလာခဲ့ပါတော့တယ်အဲ့လိုဖြစ်လာတာတွေများလာတဲ့အခါမှာတော့သူတစ်သက်လုံးကိုးကွယ်လာခဲ့တဲ့ဘုရားကိုစွန့်ပစ်ပြီး ပညတ်တော်၁၀ ပါးကိုလည်း တစ်ပါးချင်းစီအရွဲ့တိုက် စိမ်ပြေနပြေချိုးဖောက်ရာကနေ နောက်ပိုင်းမှာတော့သူ့ဘ၀က ပျက်စီးသွားမလားအရင်လျှောက်ခဲ့တဲ့လမ်းအတိုင်းပဲ ဆက်လျှောက်မလားဆိုတာတွေကို စိတ်ဝင်စားစရာရှုစားရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။