တရုတ်ဖန်တွေအတွက်Queen of Kung Fu ကို တင်ဆက်ပေးလိုက်ပါတယ်…တရုတ်ကားနဲ့ မစိမ်းသူတွေ သိကြမှာပါ…တော်လှန်ရေးခေတ်က တရုတ်ပြည်ဟာဘယ်လိုတောင် ခက်ခဲ ဒုက္ခတွေပြည့်နေတဲ့ လူ့ပြည်ငရဲဖြစ်ခဲ့တယ်ဆိုတာ…ဒီလို ငရဲတကာ့ ငရဲထဲ အဆိုးဆုံးကတော့ ဘိန်းကိစ္စပါပဲ… ဘိန်းကြောင့်ရှိတဲ့ ဥစ္စာတွေရောင်းချ တဲ့အပြင် သားသမီး ဇနီးမယားပါရောင်းချခဲ့ကြတဲ့အထိပေါ့… ဒီလိုနဲ့ ရှန်ဟိုင်းကလပ်ကိုအရောင်းခံလိုက်ရတဲ့ အမျိုးသမီးလေးတွေထဲယောက်ျားတစ်ယောက်ကိုတောင်လက်သီးတစ်ချက်နဲ့ ထိုးနှက် သတ်ဖြတ်နိုင်တဲ့ အားရှီဆိုတဲ့ကွန်ဖူးပညာရှင်တစ်ယောက်ပါလာပြီး…သူသတ်ခဲ့တဲ့ အမျိုးသားက ရှန်ဟိုင်း နာမည်ကြီး ညီအစ်ကို ၄ဦးအဖွဲ့ဝင်တစ်ဦးဖြစ်နေတာမို့ သူ့ကို လက်စားချေဖို့လိုက်ကြရာကနေ သူကကုန်းကုန်းရဲ့ မွေးစားသမီးဖြစ်ပြီး အဖွဲ့ဝင်ဖြစ်သွားခဲ့တာပေါ့…မိဘ ၂ ပါးက ဘိန်းရဲ့ကျေးကျွန်ဖြစ်ပြီး အရောင်းစားခံခဲ့ရတဲ့ အားရှီဟာသူကိုယ်တိုင် ရှန်ဟိုင်းမြို့ရဲ့ ဆရာတစ်ဆူဖြစ်လာချိန်မှာဘိန်းရောင်းဝယ်မှုမှာ ပါဝင်မှာလား… ဒါမှမဟုတ် ဘိန်းလောကကိုအမြစ်နှုတ်သုတ်သင်မှာလားဆိုတာ စိတ်ဝင်စားစရာပဲမို့အမြန်လေးဒေါင်းကြည့်လိုက်ပါ… ထပ်ပြောပါမယ်ကွန်ဖူးအတိုက်အခိုက်ကြိုက်သူတွေအတွက် လုံးဝစိတ်မပျက်စေတဲ့ကားကောင်းလေးပါ...