iHostage HD

iHostage

Crime Drama Thriller HD 2025-04-18 5.9 100 Min

ဒီဇာတ်ကားကတော့ Netflix က ရိုက်ကူးထားတဲ့Dutch Crime Thriller ဇာတ်ကားတစ်ကားဖြစ်ပြီးတော့မနေ့ကမှ ထွက်ရှိထားတာပါ။ဒါရိုက်တာ Bobby Boermans က ဦးဆောင်ရိုက်ကူးထားပြီးတော့ Soufiane Moussouli, Admir Šehović,Emmanuel Ohene Boafo နဲ့ Loes Haverkort တို့ကအဓိကဇာတ်ဆောင်တွေအဖြစ် ပါဝင်ထားပါတယ်။၂၀၂၂ ခုနှစ်တုန်းက Amsterdamမြို့မှာဖြစ်သွားခဲ့တဲ့တကယ့်ဖြစ်ရပ်မှန် ဓားစာခံပြန်ပေးဆွဲဖြစ်ရပ်ကိုinspire ယူထားတာပါ။ဇာတ်လမ်းက Apple Store ဓားပြတိုက်ခံရတဲ့အချိန်ဆိုင်ထဲကို Airpods ဝယ်ဖို့ဝင်လာတဲ့လူတစ်ယောက်ဓားစာခံဖြစ်သွားပုံကို ဗဟိုပြုထားပြီးတော့ ဖြစ်ရပ်တစ်ခုလုံးကို ရှုထောင့်ပေါင်းစုံကနေ ရိုက်ပြထားပါတယ်။IMDb မှာ rating ကောင်းတစ်ခုကို ရရှိထားပြီးတော့ကြည့်ရှုသူတွေကိုရင်တထိတ်ထိတ်နဲ့ ဇာတ်လမ်းအစကနေအဆုံးထိ ဆွဲဆောင်သွားနိုင်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။