Entangled HD

Entangled

Drama Science Fiction HD 2014-09-08 8.3 15 Min

သမီးကြီးရယ် သမီးငယ်ရယ် သမက်ဆရာဝန်လေးရယ် မြေးလေးရယ်နဲ့ အတူတူနေထိုင်ရင်း ဘဝကြီးဟာဘာမှတောင့်တစရာမရှိတော့အောင် ပြီးပြည့်စုံနေတဲ့ မိခင်ဖြစ်သူဆွန်းအင်ရဲ့ဘဝအသက်အရွယ်ရလာတာနဲ့အမျှ ဖြစ်လေ့ဖြစ်ထရှိတဲ့ သူငယ်ပြန်ခြင်းဆိုတဲ့ရောဂါဆိုး စွဲကပ်လာတဲ့အခါမှာတော့ပျော်ရွှင်စရာမိသားစုကို တစ်စစီဖျက်ဆီးပစ်လိုက်တဲ့ အမှားအကြီးကြီးတစ်ခုကိုဆွန်းအင်တစ်ယောက်ကျူးလွန်မိလိုက်ပါတော့တယ်။ အဲဒီအမှားကြောင့်ပဲ သမီးကြီးတို့လင်မယားကလည်း အိမ်ခွဲနေဖို့ထွက်သွားခဲ့ပြီးတစ်စစီပြိုကွဲသွားတဲ့ မိသားစုကြောင့်ရလာတဲ့ စိတ်ဒဏ်ရာဟာသမီးငယ်ရဲ့ဘဝကိုပါ သက်ရောက်လာပါတော့တယ်။တဖြည်းဖြည်း ရောဂါ အခြေအနေဆိုးရွားလာတဲ့ မိခင်ဖြစ်သူ ဆွန်းအင်ရယ်၊ မိခင်ဖြစ်သူရဲ့ အမှားကြီးကြောင့်အမုန်းကြီးမုန်းသွားခဲ့တဲ့ သမီးကြီးတို့လင်မယားရယ် ကျောင်းမှာဆို အနိုင်ကျင့်ခံရ အိမ်မှာဆို ရောဂါသည်အမေကြီးကိုပါ လိုက်ထိန်းရနဲ့ မနိုင်ဝန်ထမ်းနေရတဲ့ သမီးငယ်တို့ရဲ့ မွန်းကျပ်စရာ အဖြစ်အပျက်တွေကကိုယ်ပါဇာတ်ကားထဲရောက်သွားသလို  စီးမျောခံစားစေရမဲ့ ကားလေးပဲဖြစ်ပါတယ်။