chinese ဖန်တွေအတွက် အခုထပ်ပြီး လူနဲ့မိစ္ဆာကြားကအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့ the new painted skin ကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…painted skin ဆိုတာနဲ့ မျက်လုံးထဲ version အမျိုးမျိုး ပေါ်လာမယ်လို့ယုံပါတယ်… ဒီကားလေးက အရင် version တွေနဲ့အရမ်းကြီး ကွဲလွဲသွားတာတော့မရှိပါဘူး…သို့ပေမယ့် တင်ဆက်မှုပုံစံလေးပြောင်းထားတာတော့ရှိတာပေါ့..ဇာတ်လမ်းအကျဉ်းလေးပြောပြရမယ်ဆိုရင် အသက်သခင်ကျေးဇူးရှင် ဆိုယန်ကိုပြန်လာရှာတဲ့ ချန်မြန်ဆိုတဲ့ မိစ္ဆာမလေးတစ်ယောက် ကိုယ့်ကျေးဇူးရှင်ကိုချစ်မိသွားပေမယ့် ကျေးဇူးရှင်မှာက ဇနီးလောင်း ချိုးစန်းရှိနေတာကိုသိခဲ့ရတယ်…ဒီလိုနဲ့ အကြောင်းကြောင်းကြောင့်ချိုးစန်း ဆုံးသွားချိန်မှာတော့ချန်မြန်တစ်ယောက်ချိုးစန်းသားရေနဲ့ ချိုးစန်းအဖြစ် ဆိုယန်အနားရောက်လာပြီး ဆိုယန်နဲ့အတူ မိစ္ဆာဘုရင်ကို ရင်ဆိုင်တာပေါ့…ကဲ ဆိုယန်တစ်ယောက် အနားရောက်လာတဲ့ချိုးစန်းအယောင်ဆောင်ကို သတိထားမိမှာလား…ကြားထဲ ဘာလှည့်ကွက်တွေရှိနေဦးမလဲ…နောက်ပြီး မိစ္ဆာဘုရင်ကိုရောဆိုယန်တို့ချေမှုန်းနိုင်မှာလား….