Our Departures FHD

Our Departures

Drama Family FHD 2018-11-30 7.1 120 Min

ရှူဟေးရဲ့ဇနီးသည်ဟာ သားလေးရွှန်ယာကို မွေးဖွားပြီးမကြာခင်မှာပဲ ဆုံးပါးသွားခဲ့ပါတယ်။ကလေးကို တစ်ယောက်တည်း ကြိုးစားပျိုးထောင်ရင်း အာကိရာဆိုတဲ့ ကောင်မလေးနဲ့အကြောင်းပါပြီးလက်ထပ်လိုက်ဖြစ်သွားပါတော့တယ်။ ရှူဟေးဟာ ရထားတွေကိုချစ်တဲ့သူတစ်ယောက်ဖြစ်သလိုသားလေးရွှန်ယာဟာလည်း ရထားတွေကို ချစ်မြတ်နိုးပါတယ်။ ဒီလိုနဲ့ မိသားစု၃ယောက်ပျော်ပျော်ရွှင်ရွှင်နေလာရင်း ကံဆိုးမိုးမှောင်ကျပါတော့တယ်။ ရှူဟေးတစ်ယောက်ဦးနှောက်သွေးယိုစိမ့်မှုဖြစ်ပြီးဆုံးပါးသွားခဲ့တာပါပဲ။ ယောက်ျားဖြစ်သူဟာလည်း ဆုံးပါးသွား ကလေးတစ်ဖက်ရယ် ၏အကြွေးတွေကလည်းရှိနေပြန်တော့ အာကိရာတစ်ယောက် မတတ်သာတဲ့အဆုံး ရှူဟေးရဲ့ဖခင်ဖြစ်သူရှိရာဆီကိုသွားရောက်အကူအညီတောင်းရင်း နေထိုင်ခွင့်တောင်းခဲ့ပါတယ်။ အာကိရာနဲ့ ရွှန်ယာတို့ ရှူဟေးအဖေရဲ့အိမ်မှာနေထိုင်ရင်း ရထားတွေကိုချစ်တဲ့ သားလေး ရွှန်ယာရဲ့ တိုက်တွန်းမှုနဲ့အတူအာကိရာတစ်ယောက်ရထားမောင်းသမားတစ်ယောက်လုပ်ဖို့ အကြောင်းဖန်လာပါတော့တယ်။ဒီလိုနဲ့ အာကိရာတစ်ယောက် ကိုယ်တိုင်က ကလေးမမွေးဖူးပေမဲ့ ယောက်ျားရဲ့သားဖြစ်သူရွှန်ယာလေးကိုဘယ်လိုပျိုးထောင်ပေးသွားမလဲ… ယောက်ျားရဲ့ ဖခင်ဖြစ်သူနဲ့ရော အာကိရာတို့ သားအမိ အဆင်ပြေပါ့မလား…ရထားချစ်တဲ့ ယောက်ျားနဲ့ သားဖြစ်သူကြောင့် လုပ်ခဲ့တဲ့ရထားမောင်းတဲ့အလုပ်မှာရော ဘယ်လိုတွေဖြတ်သန်းရမလဲ…ဆိုတာကို ကြည့်ရှုရမဲ့ မိသားစုဒရာမာဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။