Loveable HD

Loveable

Drama Romance HD 2024-09-19 7.8 103 Min

မာရီနဲ့ ဆစ်မန်လို့ခေါ်တဲ့ လူ၂ယောက်ရဲ့ Love Life အကြောင်းပါပဲ။မာရီက ကလေးတွေမွေးပြီးမှ ယောက်ျားနဲ့ကွာရှင်းထားရတဲ့သူ။ ဆစ်မန်ကို သူက သဘောကျသွားပြီးလို့ သူတို့တွဲမိပြီးတဲ့နောက်သူတို့ဘဝ၂ခုက ပေါင်းစည်းသွားခဲ့တယ်။အချစ်နဲ့စတဲ့ဘဝပေမဲ့ အဆင်မပြေခြင်းတွေနဲ့ အဆုံးသတ်ရဖို့ အကြောင်းဖန်လာတာကို Anger Management ကုထုံးယူပြီး ကုစားကြည့်ခဲ့ကြတာကိုပြထားတဲ့ရုပ်ရှင်ပါ။ဒီနိုင်ငံမှာတော့ သိပ်မထွန်းကားပေမဲ့ စိတ်ရောဂါကုကုထုံးယူတယ်ဆိုတာ လိုအပ်တဲ့အရာတစ်ခုဆိုတာကို ဒီရုပ်ရှင်မှာ ပါးပါးလေးပုတ်ပြထားတယ်။ဒီတိုင်းကြည့်ရင် ဘာမှမဖြစ်နေဘူးလို့ထင်နေရပေမဲ့ ကျွန်တော်တို့လုပ်ရပ်တွေဟာ ကျွန်တော်တို့ငယ်ဘဝက ထရော်မာတွေကနေလာတတ်တာကို ပါးပါးလေးပြပြီး ချစ်တတ်ဖို့ အချစ်ခံတတ်ဖို့တောင် ကိုယ့်ကိုယ်ကိုယ်နားလည်ဖို့အရင်လိုတယ်ဆိုတာကို ပြထားတဲ့ ရုပ်ရှင်ပါပဲ။အဆင်မပြေတဲ့ဆက်ဆံရေးတစ်ခု ခင်ဗျားဘဝမှာရှိနေရင်တော့ အဖြေရကောင်းရစေနိုင်လောက်မယ့် ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။