မန်ယူနိုက်တက်ပရိသတ်တွေအတွက် ဆာအဲလက်စ်ဖာဂူဆန်နဲ့အတူ ရွှေထီးဆောင်းခဲ့တဲ့နေ့ရက်တွေကိုပြန်တွေးကြည့်လိုက်ရင် အသင်းရဲ့နောက်ဆုံးခံစစ်စည်းရိုးဖြစ်တဲ့ ပီတာရှမိုက်ကယ် ကိုလည်းပြန်အမှတ်ရမိကြမှာပါ။ဒီ ၂၀၂၅ ခုနှစ်ထွက် documentary လေးကတော့ပီတာရှမိုက်ကယ် ရဲ့ ဘဝဇာတ်ကြောင်းကို ပြန်လည်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ဒိန်းမတ်က ကလပ်လေးကနေ ဆာအဲလက်စ်ရဲ့တော်ကောက်ခံရပြီး ယူနိုက်တက်အသင်းရဲ့ ကပ်ပတိန်ဖြစ်လာခဲ့သူရဲ့ ငယ်ဘဝဟာလည်း ချောချောမွေ့မွေ့ဖြတ်သန်းခဲ့ရတာတော့မဟုတ်ပါဘူး။ဂိုးသမားအဖြစ် ကစားလို့ရတဲ့လုပ်ခ လစာကနှစ်ပဲနဲ့တစ်ပြားမို့ ငယ်စဉ်တုန်းက ရရာအလုပ်ဝင်လုပ်ပြီးဂိုးသမားဘဝကို ဆက်လျှောက်ခဲ့ရသူပါ။ဒီဇာတ်ကားလေးမှာတော့ ပီတာရှမိုက်ကယ် ရဲ့ ငယ်ဘဝကနေစလို့ ဘောလုံးဘဝကနေအနားယူပြီးသားသမီးမြေးတွေနဲ့ ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းနေတဲ့အထိ ဘဝတစ်လျှောက်လုံးကို ပြန်ပြောပြတဲ့ စကားပြောပုံစံနဲ့ ရိုက်ကူးထားတာမို့ ဘဝတစ်လျှောက်ဖြတ်သန်းခဲ့ရပုံကို ပြည့်ပြည့်စုံစုံ သိခွင့်ရမှာပါအဲဒီအပြင် မန်ယူနိုက်တက်မှာ ဖြတ်သန်းခဲ့စဉ်က အကြောင်းအရာတွေကိုလည်း ထည့်သွင်းရိုက်ကူးထားတာမို့ သာမန်မသိနိုင်တဲ့ မန်ယူနိုက်တက်ရဲ့ သမိုင်းကြောင်းတွေအသင်းတွင်းအဖြစ်အပျက်တွေနဲ့ယူနိုက်တက်ရဲ့ သရဲနီဒီအန်အေ စစ်စစ် ဆိုတာ ဘာလဲဆိုတာကို ကြက်သီးထလောက်စရာ မြင်တွေ့ခွင့်ရမှာပါ။သရဲနီတပ်မှူးကြီးရဲ့ ဘဝဇာတ်ကြောင်းနဲ့မန်ယူနိုက်တက်ရဲ့အတိတ်တလျှောက်သမိုင်းအစဉ်အလာကို ပြန်လည်ခံစားနိုင်ဖို့အတွက် ပရိသတ်ကြီးတို့အတွက် ဒီ မှတ်တမ်းရုပ်ရှင်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။