ရုပ်ရှင်ချစ်ပရိသတ်ကြီးကို ယခုတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ Mystery/ Thriller/ Crimeအမျိုးအစားဖြစ်ပါတယ်…ဒီကားလေးမှာဆိုရင် ရဲဌာနရဲ့ ရုံးခန်းအတွင်းကနေပြီးဖုန်းလက်ခံဖြေဆိုရတဲ့ အရာရှိကို ဇာတ်အိမ် အခြေပြုကာတုန်လှုပ်ခြောက်ခြားဖွယ်ရာ ပဟေဠိဆန်ဆန် လူသတ်မှုကိုဖော်ထုတ်ပုံ ကာကွယ်ပုံကို ကြည့်ရှုရမှာဖြစ်ပါတယ်..ဖေးဟာ ၉၁၁ အရေးပေါ်ဖုန်းများကိုလက်ခံဖြေဆိုပေးရတဲ့ကျွန်းတစ်ကျွန်းပေါ်က အရာရှိတစ်ယောက်ဖြစ်ပါတယ်..တာဝန်ထမ်းဆောင်သည့် သက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ဖေးဟာ ဖြစ်ပေါ်လာသမျှ အရေးပေါ်ကိစ္စအဝဝကိုစိတ်တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းရင်း အောင်မြင်တဲ့ ဖုန်းလက်ခံဖြေဆိုသူတစ်ယောက်လည်း ဖြစ်ပါတယ်..တစ်ညမှာတော့ ရဲဌာနမှာ မမျှော်လင့်ထားတဲ့ အစာအဆိပ်သင့်မှုဖြစ်ပွားပြီးတာဝန်ချိန်မဟုတ်တဲ့အတွက် အိမ်ပြန်ရောက်နေတဲ့ဖေးဟာ ရဲဌာနဆီ ညတွင်းချင်းပြန်ခဲ့ရာ လူသတ်မှုတစ်ခုမှဖုန်းတစ်လုံး ဝင်လာခဲ့ပါတယ်.အိမ်ထဲကို လူသတ်သမားတစ်ယောက် ဝင်ရောက်လာပြီးယောက်ျားဖြစ်သူကို သတ်တဲ့အတွကိကြောင့် အကူအညီတောင်းခံတဲ့ဇနီးသည်ရဲ့ ဖုန်းဖြစ်ပြီး ရဲတပ်ဖွဲ့ကို စေလွှတ်ခဲ့သော်လည်းအသက်ဆုံးရှုံးပြီးသား ကိုယ်ခန္ဓာကိုသာ တွေ့ရှိခဲ့ရပါတယ်..သို့သော်လည်းခေါ်ဆိုထားတဲ့ဖုန်းဟာ ဖုန်းချသွားခြင်းမရှိဘဲထူးဆန်းစွာပဲ ယောက်ျားကြီးတစ်ယောက်ရဲ့အသံ ပေါ်ထွက်လာပါတော့တယ်..ထိုယောက်ျားကြီးဟာ ဖေးနဲ့ ဖေးရဲ့မိသားစုကိုပါ သတ်ဖြတ်မှာဖြစ်တဲ့အကြောင်းပြောဆိုပြီး သတ်ဖြတ်မှုကို တားဆီးစေချင်ကဘာကြောင့်အခုလိုသတ်ဖြတ်နေရသလဲဆိုတဲ့မေးခွန်းရဲ့ အဖြေကိုသိအောင်လုပ်ဖို့ လူအများရဲ့အသက်နဲ့ လောင်းကြေးထပ်ရတဲ့တာဝန်ကို ဖေးပုခုံးပေါ်တင်ပေးလိုက်တဲ့အခါမှာတော့ ဖေးတစ်ယောက် အကျပ်ရိုက်ရပါတော့တယ် ဘယ်သူဘယ်ဝှာမှန်းမသိတဲ့သူတစ်ယောက်က မေးခွန်းထုတ်လာတဲ့ ဘာမှန်းမသိတဲ့အကြောင်းပြချက်ကို ဖေးတစ်ယောက်ရှာတွေ့နိုင်မလား….ရှာမတွေ့ခဲ့ရင်ရော ဖေးနဲ့မိသားစုတွေ သေကြေကြမလား….ရှာတွ့ရင်ရော လူဘယ်နှယောက်ကို ကယ်တင်နိုင်မှာလဲ….ယောက်ျားကြီးကရော ဘာအတွက်များအငြိုးတကြီးနဲ့စိန်ခေါ်ပြီးသတ်ဖြတ်နေရပါသလဲ…စတဲ့မေးခွန်းတွေနဲ့ ပဟေဠိဆန်တဲ့ ရုပ်ရှင်လေးဟာMystery အမျိုးအစား ကြိုက်နှစ်သက်သူများအတွက်စိတ်ကျေနပ်နိုင်ဖွယ်ရာဖြစ်ပြီး ရင်တထိတ်ထိတ်နဲ့ကြည့်ရတာကိုမှသဘောကျသူ Thriller ပရိသတ်များအတွက်လည်း အာသာပြေစေမယ့် ရုပ်ရှင်ကားလေးဖြစ်တာကြောင့် ကြည့်ရှုခံစားနိုင်ရန်ညွှန်းဆိုပေးလိုက်ရပါတယ်ခင်ဗျာ………………………..