With or Without You HD

With or Without You

Comedy Romance HD 2016-06-29 5.7 101 Min

Yeon-Yi (Jeon Hye-Bin) ဟာ နာမည်မရှိတဲ့ သရုပ်ဆောင်တစ်ဦးပါ။ Sun-Jae (Shin Min-Chul) ကတော့လက်ထောက်ဒါရိုက်တာတစ်ဦးဖြစ်ပြီး ဒါရိုက်တာဖြစ်လာဖို့အတွက် အိပ်မက်မက်နေသူတစ်ဦးပါသူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ချစ်ကြပြီး လက်ထပ်ဖြစ်သွားခဲ့ပေမဲ့လည်းသူတို့ရဲ့အိမ်ထောင်ရေးဟာ စိတ်မကောင်းစွာနဲ့ပဲ ကြာရှည်မခံခဲ့ပါဘူး။ကွာရှင်းလိုက်ပြီဖြစ်သော်ငြားလည်းသူတို့နှစ်ဦးဟာ နယ်ပယ်တူ လုပ်ဖော်ကိုင်ဖက်အဖြစ်သူငယ်ချင်းကောင်းအဖြစ်နဲ့ ဆက်လက်ကျန်ရှိနေကြပြီး အလုပ်တွေ အတူလုပ်ကာ အခင်မင်မပျက်နေထိုင်ခဲ့ကြပါတယ်။ အကြောင်းကြောင်းကြောင့်သူတို့နှစ်ယောက်ဟာ သူတို့ရဲ့အကြောင်းကိုအတူရေးဖူးခဲ့တဲ့ ဇာတ်ညွှန်းကို  ရိုက်ကူးဖို့ဖြစ်လာတဲ့အခါမှာတော့..ခြေလှမ်းတစ်ချက်မှ အပျက်မခံတဲ့ သရုပ်ဆောင်လောကထဲမှာ Yeon-Yi တစ်ယောက်နာမည်ရအောင်ထိုးဖောက်သွားနိုင်ပါ့မလား…. Sun-Jae တစ်ယောက်ကရော အလုပ်ဖိအားဒဏ်တွေ အဆင်မပြေတော့တဲ့သူတို့နှစ်ဦးရဲ့ကြားထဲက အေးစက်မှုဒဏ်တွေကို တောင့်ခံနိုင်သွားပါ့မလား…နှစ်ယောက်သားကရောနောက်ဆုံးမှာ ပြန်လည်ပေါင်းစည်းသွားနိုင်ပါ့မလား.. ဆိုတာတွေကို တငြိမ့်ငြိမ့်နဲ့ ကြည့်ရှုရမဲ့ အရမ်းရိုတဲ့ဇာတ်လမ်းလေးဖြစ်တာကြောင့် ကြည့်ရှုကြည့်ကြပါဦးနော်။