Culprit HD

Culprit

Crime Thriller Mystery HD 2025-02-28 4.333 97 Min

ဒီဇာတ်ကားလေးကတော့ ၂၀၂၅ ခုနှစ်ထွက် Mystery/Thrillerအမျိုးအစားဇာတ်ကားကောင်း‌လေးဖြစ်ပြီး IMDb rating5.6/10 ရရှိထားတာလည်းဖြစ်ပါတယ်။လွန်ခဲ့တဲ့ ၂၇ နှစ်တုန်းက Huntsvilleမြို့ငယ်လေးမှာ ကတ်ထရီနာဆိုတဲ့ မိန်းကလေးငယ်လေးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီအမှုအတွက် ကလေးထိန်းဖြစ်သူ အသက် ၁၄ နှစ်အရွယ် ဂျက်ဟဲရစ် ဟာ တရားခံအဖြစ် စွပ်စွဲထောင်ချခံခဲ့ရပါတယ်။ဆယ်စုနှစ်၃ ခုနီးပါးအကြာ ထောင်ထဲမှာနေခဲ့ရပြီး နောက်ဆုံးအမှုကို ပြန်လည်စစ်ဆေးချိန်မှာ သက်သေခံပစ္စည်းတွေဟာမှားယွင်းနေခဲ့ကြောင့် သက်သေထွက်လာတဲ့အတွက် အပြစ်မရှိဘဲမှားယွင်းဆုံးဖြတ်ခံရတယ်လို့စီရင်ချက်ချပြီး ပြန်လည်လွတ်မြောက်လာပါတယ်။ ဒါပေမဲ့လည်း နာမည်ဂုဏ်သတင်းဟာသေသွားခဲ့ပြီ ဖြစ်တာကြောင့် မြို့ဟာ သူ့ကို အရင်လို မကြည်ဖြူတော့ပါဘူး။ အသတ်ခံလိုက်ရတဲ့ကောင်မလေးရဲ့မိဘတွေဟာလည်းဂျက်ဟဲရစ် ကို မကျေနပ်ပဲ သူ သတ်ခဲ့တယ်လို့သာ ယူဆထားတာကြောင့် လှုပ်ရှားမှုတွေ စတင်ပြုလုပ်လာပါတော့တယ်။ဂျက်ဟာလည်း နာမည်ဂုဏ်သတင်းကိုပြန်လည်အဖတ်ဆည်ဖို့အတွက် တရားခံအစစ်ကို ရှာဖွေဖို့ စတင်ကြိုးစားခဲ့ပါတော့တယ်။ဒီလိုနဲ့ပဲ နှစ်ဘက်ထိပ်တိုက်တွေ့ကြချိန်မှာတော့ ဘယ်လိုတွေဖြစ်သွားမလဲ…..ဘယ်သူတွေမှားလို့ဘယ်သူတွေမှန်ကြလဲ …အသည်းတအေးအေးနဲ့ ကြည့်ရှုခံစားလိုက်ကြပါစို့ခင်ဗျာ။