ဝီဆန်းကို စံအိမ်ကိုရှေးဟောင်းပစ္စည်းစုဆောင်းသူ သူဌေးကြီးတစ်ယောက်က ပိုင်ဆိုင်ပြီး သူသေဆုံးသွားတဲ့နောက်မှာတော့ သူစုဆောင်းထားတဲ့အင်ဒိုနီးရှားရိုးရာအမွေအနှစ်ရှေးဟောင်းပစ္စည်းတွေကိုစံအိမ်ကြီးနဲ့အတူ ပြတိုက်အဖြစ်အသွင်ပြောင်းဖို့ သားနဲ့သမီးကို သေတမ်းစာကတစ်ဆင့် တာဝန်ပေးသွားခဲ့ပါတယ်။လူနေအိမ်တစ်ခုကို ပြတိုက်အဖြစ်အသွင်ပြောင်းဖို့ရာမှာ ဆာဗေးလုပ်ဖို့ရောက်လာတဲ့ပရောဂျက်ဝန်ထမ်းတစ်စု၊အိမ်ရှင်သူဌေးကြီးရဲ့သားနဲ့သမီးဖြစ်တဲ့ ရန်ဒီနဲ့ဘီယန်တို့ မောင်နှမတို့ဟာ အလုပ်တွင်စေဖို့အတွက် စံအိမ်ကြီးမှာပဲအိပ်ရဖို့ဖြစ်လာပါတော့တယ်။အဲ့ဒီညမှာပဲစံအိမ်ကြီးရဲ့လျှို့ဝှက်အခန်းတစ်ခု မတော်တဆပွင့်သွားခဲ့ပြီး အဲ့ဒီအခန်းထဲမှာရှိတဲ့ ကြောက်စရာကျိန်စာသင့်စ္စည်းတစ်ခုဟာ သူတို့ထဲက တစ်ယောက်ကိုပူးကပ်သွားခဲ့ပြီးနောက်မှာတော့သူတို့အတွက်တစ်သက်မမေ့နိုင်စရာညတစ်ညကိုကြုံတွေ့ရဖို့ဖြစ်လာပါတော့တယ်။ထိတ်လန့်ခြောက်ခြားဖွယ် အနိဌာရုံမြင်ကွင်းတွေနဲ့၊ရက်ရက်စက်စက်သတ်ဖြတ်မှုတွေ သွေးထွက်သံယိုတွေဒင်းကြမ်းပါဝင်တဲ့အတွက်ကြည့်ရဲမှကြည့်စေချင်ပါတယ်။