The Glorious My Revenge HD

The Glorious My Revenge

Crime Drama HD 2023-03-29 6.3 88 Min

ချစ်စရာကောင်းတဲ့ သားလေးနဲ့ ဇနီးချောလေးနဲ့အတူတူ သာယာတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတဲ့ စုံထောက် ရူအီဂျယ်…စုံထောက်ဖြစ်တဲ့အလျောက် ရန်သူလည်းပေါသလို မလိုမုန်းထားတဲ့စိတ်နဲ့ ကလဲ့စားချေချင်တဲ့သူတွေလည်းများတာပေါ့။ ဒီလိုနဲ့ တစ်နေ့မှာ ရူအီဂျယ်တစ်ယောက်ကားတိုက်ပြေးမှုကြောင့်ချစ်ရတဲ့သားလေးကို ဆုံးရှုံးလိုက်ရပါတော့တယ်။ အခင်းဖြစ်နေရာက စီစီတီဗွီက ပျက်နေတဲ့အပြင်မျက်မြင်သက်သေလည်းမရှိတာကြောင့် အမှုပိတ်သိမ်းသွားပြီးတဲ့တိုင်အောင်တရားခံကိုမဖော်ထုတ်နိုင်ခဲ့ပါဘူး။ ဇနီးဖြစ်သူကလည်း သူနဲ့ကွာရှင်းလိုက်တာကြောင့် သားကိုရော ဇနီးကိုပါဆုံးရှုံးလိုက်ရတဲ့ ရူအီဂျယ်တစ်ယောက် အရက်ရဲ့ကျေးကျွန်ကြီးအဖြစ်နဲ့နမ်ဝန်းမြို့လေးမှာတာဝန်ကျဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ နေရာအသစ် ပတ်ဝန်းကျင်အသစ်မှာ အသားကျလာပြီးအွန်းဆိုဟျွန်းဆိုတဲ့ မိန်းမချောလေးနဲ့ရေစက်ဆုံပြီး ဘဝသစ်တစ်ခုထူထောင်မယ်ကြံကာမှသားဖြစ်သူကိုသတ်ခဲ့တဲ့တရားခံနဲ့တွေ့လိုက်ရတဲ့အခါ ..။Cast တွေအနေနဲ့ Heo Joon Seok, Nam Bo Ra, Lee Young Suk တို့က အဓိကပါဝင်ပေးထားပြီးcrime fiction ကြိုက်နှစ်သက်သူတွေကြည့်ရှုရတန်မဲ့ကားကောင်းလေးမို့ တင်ဆက်ပေးလိုက်ပါတယ်။