Mere Husband Ki Biwi HD

Mere Husband Ki Biwi

Comedy Drama HD 2025-02-21 7.2 142 Min

အန်ကူဆိုတဲ့လူငယ်လေးဟာ အိမ်ထောင်ကျပြီးသွားပေမဲ့အိမ်ထောင်ရေးအဆင်မပြေဖြစ်နေသူတစ်ယောက်ပါ။အန်ကူရဲ့ ဇနီးဖြစ်သူ ပရာဘလင်းဟာ အမြဲ ပြဿနာရှာတတ်လို့အန်ကူတစ်ယောက်လည်း စိတ်မချမ်းမသာဖြစ်နေရတော့တာပေါ့။တစ်နေ့တော့ အန်ကူတစ်ယောက် ရီရှီကေ့ရှ်ကို သွားပြီးတော့မိသားစုပိုင်ဆိုင်မှုတွေကို သွားရောင်းဖို့လုပ်တဲ့အချိန်မှာ တစ်ချိန်ကဇာတ်လမ်းရှိခဲ့ဖူးတဲ့ အန်တာရာခန်နာဆိုတဲ့ ကောင်မလေးနဲ့ပြန်လည်တွေ့ဆုံခဲ့ပါတော့တယ်။အန်တာရာခန်နာဆိုတာကတော့ ယောက်ျားလေးများကြားမှာ ရေပန်းစားပြီးအကုန်လုံးက ဇာတ်လမ်းဖြစ်ချင်လောက်တဲ့အထိကို အရမ်းလှတဲ့ကောင်မလေးပါ။ဒီလိုနဲ့ ရီရှီကေ့ရှ်မှာ အန်ကူနဲ့ အန်တာရာတို့ တွေ့ဆုံကြရင်း အန်ကူတစ်ယောက်မိန်းမကို မေ့ပြီး အန်တာရာကို ချစ်မိသွားရာကနေ ……….အန်ကူ, အန်တာရာနဲ့ ပရာဘလင်းတို့ ၃ပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးရှေ့ဆက်ပြီး ဘာတွေဖြစ်လာမလဲ ……… ပရာဘလင်းတစ်ယောက်ယောက်ျားဖြစ်သူကို သူ့ဘက်ပြန်ပါလာအောင် ဘယ်လိုတွေ လုပ်ဆောင်သွားမလဲ…ဆိုတာကို အချစ်ဟာသကားလေးဖြစ်တဲ့အတိုင်း ဟာသလေးတွေနဲ့အတူရယ်ရယ်မောမောကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်?