ဒီတစ်ခေါက်မှာတော့ ၂၀၁၀ခုနှစ်မှာပြသခဲ့တဲ့ Action, Sci-fi ရုပ်ရှင်ကား Hauntersနဲ့ မိတ်ဆက်ပေးချင်ပါတယ်။အဓိကဇာတ်ကောင်အနေနဲ့ နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Gang Dong Won နဲ့ Go Soo တို့ ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ ကားသင်္ချိုင်းမှာ အလုပ်လုပ်နေတဲ့ အင်ဂယူနမ် (Go Sooက တစ်နေ့မှာ အလုပ်ပြုတ်ပြီးယူထိုပီးယားလို့ခေါ်တဲ့ ချေးငွေလုပ်ငန်းတစ်ခုမှာ အလုပ်ရသွားခဲ့တယ်။ အင်ဂယူနမ်က ရိုးသားကြိုးစားပြီးသဘောကောင်းသူမို့ ဆိုင်ရှင်သူဌေး ဂျောင်ရှစ် (Byeon Hie-Bong၊ ဆိုင်ရှင်ရဲ့ သမီးဖြစ်သူ ချွဲယောင်းဆု(Jung Eun-Chae)နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတဲ့အပြင် ကားသင်္ချိုင်းမှာ အတူတူလုပ်ခဲ့တဲ့သူငယ်ချင်းတွေနဲ့လည်း ရင်းရင်းနှီးနှီးနေတဲ့သူပေါ့။တစ်ဖက်မှာတော့သူတစ်ပါးစိတ်ကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့ချိုအင် ( Gang Dong Won ) က ကလေးဘဝထဲကအိမ်တွင်းအကြမ်းဖက်မှုကြောင့် အဖေဖြစ်သူကို ကိုယ်တိုင်သတ်ခဲ့တဲ့ စွမ်းအားရှင်တစ်ယောက်ဖြစ်တယ်လူထူးလူဆန်းလို့ သတ်မှတ်ပြီး လူတွေနဲ့အဝေးမှာနေတဲ့ ချိုအင်ကတော့ စိတ်စွမ်းအားကိုသုံးပြီးချေးငွေလုပ်ငန်းရှင်တွေဆီက ပိုက်ဆံတွေကိုယူပြီး ပြစ်မှုကျူးလွန်နေခဲ့တာဖြစ်တယ်။တစ်နေ့မှာတော့အင်ဂယူနမ်တို့ ဆိုင်ကို ရောက်လာပြီးဆိုင်ရှင်သူဌေးကို သတ်ပြီး အင်ဂယူနမ်ကို ဒဏ်ရာရအောင်လုပ်ခဲ့တယ်။ဆိုင်ရှင်သူဌေးသေသွားရတာကြောင့် အင်ဂယူနမ်က ချိုအင်ကို ဖမ်းဖို့ကြိုးစားတဲ့အခါမှာတော့…စိတ်ကိုထိန်းချုပ်နိုင်စွမ်းရှိတဲ့ ချိုအင်ကို အင်ဂယူနမ်တစ်ယောက် အနိုင်ယူတိုက်ခိုက်သွားနိုင်မှာလား…အင်ဂယူနမ်မှာရော ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေလဲဆိုတာကိုတော့ကြည့်ရှုလိုက်ရအောင်ပါ။